အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ရလဒ်များ PPST က သုံးသပ်ဆွေးနွေးမည်

အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ် ရလဒ်များ PPST က သုံးသပ်ဆွေးနွေးမည်

အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn ၏ ပထမအကြိမ် မြန်မာနိုင်ငံ ခရီးစဉ် ရလဒ်များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က သုံးသပ် ဆွေးနွေးသွားမည်ဟု ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယနေ့ မတ် ၂၂ ရက်တွင် မဇ္စျိမ ကိုပြောသည်။

ခရီးစဉ်အတွင်း မည်သည့် ရလဒ်များ ထွက်ပေါ် ခဲ့သည့် ဆိုသည့် အချက်များကို PPST အနေဖြင့် ပြန်လည် ထုတ်ပြန် ဖော်ပြ ပေးသွားမည်ဟု ဆိုသည်။

" ၂၃ ရက်နေ့မှာ သူပြန်မယ်လေ။ သူတို့ ထုတ်ပြန်ချက်ကို ကြည့်ပြီး သုံးသပ်ရမှာပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

ပြီးခဲ့သော ရက်ပိုင်းက PPST အဖွဲ့နှင့် ဂျပန်နိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကာကာ ဆာဝါတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့စဉ်က မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အာဆီယံ အထူး ကိုယ်စားလှယ်အား PPST အဖွဲ့နှင့် တွေ့ဆုံရန် တိုက်တွန်းထားသည်ဟု မစ္စတာ ဆာဆာကာဝါက ပြောကြား ခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ရောက်ရှိ လာချိန်တွင် အချိန် မလုံလောက်သည့် အကြောင်းပြချက်ဖြင့် PPST အဖွဲ့နှင့် တွေ့ဆုံခွင့် မပေးခဲ့ပေ။

ယနေ့တွင် PPST အဖွဲ့က အာဆီယံ အထူးကိုယ်စားလှယ်၏ ပြည်တွင်းခရီးစဉ် ရလဒ်များ အပါအဝင် အခြား ငြိမ်းချမ်းရေး ဖြစ်စဉ်၊ နီပွန်ဖောင်ဒေးရှင်း၏ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ ပေးမှုကို လက်ခံ ရယူရေး၊ သယ်ယူ ပို့ဆောင်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် အစည်းအဝေး တစ်ခုကို ထိုင်းနိုင်ငံတွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်လျက် ရှိသည်။

ယင်းအစည်းအဝေးတွင် လက်ရှိ အထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ကြသော ကုလသမဂ္ဂ ၊ အာဆီယံနှင့် အခြား နိုင်ငံတကာ အသိုင်းအဝိုင်းများ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကိုလည်း ထည့်သွင်း ဆွေးနွေးသွားရန်ရှိကြောင်း ဆိုသည်။

အာဆီယံ အထူးကိုယ်စားလှယ်သည် ယနေ့ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ပြီးဆုံးခဲ့သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...