မိုးသက်လေပြင်းကြောင့် လေးကေ့ကော်ဒေသ စစ်ဘေးရှောင်စခန်း ပျက်စီး

မိုးသက်လေပြင်းကြောင့် လေးကေ့ကော်ဒေသ စစ်ဘေးရှောင်စခန်း ပျက်စီး

ကရင်ပြည်နယ်၊ မြဝတီခရိုင် လေးကေ့ကော် ဒေသ စစ်ဘေးရှောင် ပြည်သူများ နေထိုင်နေသည့် သောင်ရင်း မြစ်ဘေးရှိ စစ်ဘေးရှောင် စခန်း ယမန်နေ့ မတ်လ ၂၀ ရက်နေ့၌ မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် ယာယီတဲများ ပျက်စီးခဲ့ကြောင်း သိရသည်။

“မနေ့က လေကြီးမိုးကြီး တိုက်တော့ တော်တော်ပြင်းတယ်ဗျ၊ ကျနော်တို့ မိုးထားတဲ့ တာလပတ် အမိုးတွေက လွင့်ထွက်သွားတယ်ဗျ၊ တော်တော်လေးလည်း စုတ်ပြတ်သွားတယ်၊ ခွဲဝေပေးထားတဲ့ ဆန်တွေ ရေစိုသွားတယ်၊ ရိက္ခာတွေ ရေစိုသွားတယ်၊ သူတို့ရဲ့ အိပ်ယာတွေ အဝတ်အစားတွေ ကတော့ မိုးရေတွေနဲ့ ဗွက်တွေ ပေသွားတယ်ပေါ့နော်” ဟု စစ်ရှောင်စခန်းသို့ သွားရောက် ကူညီပေးနေသည့် ကိုချစ်ဖြိုးကို က ပြောသည်။

လက်ရှိ ဖက်အမိုးများ လိုအပ်နေသည့် အိမ်ထာင်စု ၂၇၀ ကျော်ရှိကာ လူဦးရေ ၁၀၀၀ ကျော် ဖြစ်ကြောင်း သိရသည်။

“မိုးတွင်း မရောက်ခင် ဒီလူတွေ နေထိုင်နိုင်ဖို့က အမြန် ဆောက်ဖို့ လိုတာက တဲတွေ ဆောက်ဖို့ လိုအပ်တယ်၊ တဲဆိုတာက ဖက်မိုးတဲ့ တဲပေါ့နော်၊ မိုးတွင်း ဆိုရင်လည်း သောင်ရင်းမြစ်က ရေတက်အုံးမယ် ဆိုတော့ ရေလွတ်တဲ့ နေရာကို တဲတန်းလျားတွေ ဆောက်နေပါတယ်၊ အခုချိန်မှာ ဖက်အမိုးတွေ လိုတယ်၊ လိုတာက သုံးသောင်းခွဲ (ဘတ်) လောက်ဖိုး လောက်လိုတယ်ဗျ၊ လူကြီးတွေ ခန့်မှန်းတာက တိုက်ပွဲက နှစ်နှစ်လောက်ထိ ကြာမယ်လို့ ပြောထားတာရှိတယ်၊ အဲ့အတွက် အားလုံး ပြင်ဆင်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ရှောင်စခန်းတွင် လူဦးရေ များပြားနေပြီး အလှူရှင်များ ယခင်ထက် ရှားပါးလာသဖြင့် ကုန်စိမ်းနှင့် ငပိ ငါးခြောက်သာ ပံံ့ပိုးပေးနိုင်ပြီး သားငါး လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

စစ်ရှောင်စခန်းတွင် နေထိုင်သည့် ပြည်သူများသည် လေးကေ့ကော်မြို့သစ်၊ မယ်ဝါးခီးနှင့် ရသေ့ဂူမှ အများဆုံးဖြစ်ပြီး အဆိုပါ ကျေးရွာများတွင် တိုက်ပွဲများ နေ့စဉ် နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။

စခန်းနေ ကလေးငယ်များအား ပရဟိတ ကျောင်းဆရာများက စာသင်ကြားပေးကာ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ဆေးခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ပြီး မြဝတီခရိုင် လေးကေ့ကော်မြို့သစ်သို့ နယ်မြေ ကျူးကျော်စစ် စတင်ခဲ့ပြီးနောက် ယင်းဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်မှာ သုံးလကျော် ကြာမြင့်နေပြီ ဖြစ်သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...