အာဆီယံအထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံ

အာဆီယံအထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံ

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းနှင့် အာဏာသိမ်း စစ်ကောင်စီဉက္ကဌ မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ယနေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် အာဏာသိမ်းခဲ့ရကြောင်းကို စစ်ကောင်စီဥက္ကဌကပြောခဲ့ပြီး ဆန္ဒပြမှုများမှ တစ်ဆင့် ဆူပူအကြမ်းဖက်မှုများ၊ အကြောင်းမဲ့သတ်ဖြတ််မှုများ၊ နိုင်ငံပိုင်အဆောက်အဦးများ၊ စာသင်ကျောင်းများကို ဖျက်ဆီးမှုများ၊ ဖြစ်ပေါ်ခဲ့သည်ဆိုကာ အာဏာသိမ်းမှုဆန့်ကျင်သူများကိုအပြစ်ဖို့ပြောကြားသွားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ခရီးစဉ်တွင် ပရက်ဆိုခွန်းနှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေးပူးပေါင်းဆောင်ရွက်ရေးဌာန အမှုဆောင်အရာရှိချုပ် လီယမ်မင်နှင့် ကမ္ဘောဒီးယား စက်မှုဝန်ကြီး ချန်ပရာဒေ့ချ်တို့ လိုက်ပါသွားသည်ဟုဆိုသည်။

ကမ္ဘောဒီးယားကြေညာချက်အရ အလည်အပတ်ခရီးစဉ်သည် " အကြမ်းဖက်မှုများအဆုံးသတ်ရေးဆီသို့ အခြေအနေကောင်းဖန်တီးနိင်ရေးအတွက် ရည်ရွယ်ပါသည်" နှင့် " သက်ဆိုင်ရာများအားလုံးအကြား နိုင်ငံရေး ဆွေးနွေးရန် " တိုက်တွန်းဖို့ဟူ၍ပါရှိသည်။

အဆိုပါရည်မှန်းချက်များအားလုံးမှာ ယမန်နှစ်ဧပြီလအတွင်းက ပြုလုပ်ခဲ့သော အာဆီယံထိပ်သီးညီလာခံတွင်သဘောတူချမှတ်ခဲ့သော အချက်ငါးချက်၏အစိတ်အပိုင်းများဖြစ်ကြသည်။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်၏ခရီးစဉ်အပေါ် မျှော်လင့်ချက်များပါးလျားလှသည်။ သဘောတူညီချက်ငါးချက်ကို မင်းအောင်လှိုင်က လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်အုပ်စုသည် အကောင်အထည်ဖော်ရန်ခြေလှမ်းလေးလံလျက်ရှိကာ လက်နက်ကိုင်တော်လှန်ရေးကိုအပြတ်ချေမှုန်းရေးအတွက်သာ အားကုန်ထုတ်ဆောင်ရွက်နေသည်။

နှစ်ဘက်ဆွေးနွေးမှုများတွင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရေးနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဥက္ကဌနှင့် အတူ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မတ်လ ၂၁ရက်မှ ၂၃ရက်အထိ ကြာမြင့်မည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ပထမအကြိမ် မြန်မာခရီးစဉ်တွင် ရန်ကုန်တွင် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရသည်။

အထူးကိုယ်စားလှယ်နှင့် မြန်မာသမ္မတဟောင်း ဦးထင်ကျော်၏ဇနီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အရန်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စုစုလွင်နှင့်တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

တွေ့ဆုံရန်တိုက်တွန်းမှုများရှိနေခဲ့သော်လည်း စစ်ကောင်စီက ဖမ်းထီးထိန်းသိမ်းပြီး ပုဒ်မမျိုးစုံဖြင့် တရားစွဲထားသူများကို တွေ့ဆုံခွင့်မပြုဟုတုံ့ပြန်ရာ NLD တွင် အဆုံးအဖြတ်ပေးနိုင်သောအဆင့်ဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ထိပ်တန်းခေါင်းဆောင်များကို တွေ့ခွင့်မရသည့်သဘောဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တွေ့ဆုံရန်မရှိကြောင်းနှင့် အထူးကိုယ်စားလှယ်၏ အချိန်မလုံလောက်၍ဟု အကြောင်းပြချက်ထွက်ပေါ်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဥ်အပေါ် နိုင်ငံရေးအရကန့်ကွက်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCBက ထုတ်ပြန်ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...