မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာမှာ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက် ပစ်ခတ်တာကြောင့် PDF ရဲဘော် ၁ တစ်ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးပြီး အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝယ်ပေါင်ကျေးရွာရှိ ဝပ်ရှော့တစ်ခုမှာ PDF အဖွဲ့တွေ ကားပျက်လို့ ပြင်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့် PDF ရဲဘော် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုပြီးနောက် ပရဟိတသမား ကိုအောင်ခန့်ဟိန်းနဲ့အရပ်သား ပြည်သူ ၁ ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ PDF ရဲဘော်ဟာ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့က ရဲဘော်ကျော်ဇင်ထက် ဖြစ်တယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့ ပရဟိတသမားနဲ့အရပ်သားကိုတော့ စစ်ကောင်စီတပ်ဘက်က ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။







