ရေးမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တာကြောင့် PDF ရဲဘော် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ

ရေးမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တာကြောင့် PDF ရဲဘော် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ
ဖမ်းဆီးခံရသူ ပရဟိတသမား ကိုအောင်ခန့်ဟိန်း
ဖမ်းဆီးခံရသူ ပရဟိတသမား ကိုအောင်ခန့်ဟိန်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာမှာ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက် ပစ်ခတ်တာကြောင့်  PDF ရဲဘော် ၁ တစ်ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးပြီး အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝယ်ပေါင်ကျေးရွာရှိ ဝပ်ရှော့တစ်ခုမှာ PDF အဖွဲ့‌တွေ ကားပျက်လို့ ပြင်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့် PDF ရဲဘော် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုပြီးနောက်  ပရဟိတသမား ကိုအောင်ခန့်ဟိန်းနဲ့အရပ်သား ပြည်သူ ၁ ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ PDF ရဲဘော်ဟာ မွန်ပြည်နယ် အ‌ခြေပြုတော်လှန်ရေးအဖွဲ့က ရဲဘော်ကျော်ဇင်ထက် ဖြစ်တယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့ ပရဟိတသမားနဲ့အရပ်သားကိုတော့ စစ်ကောင်စီတပ်ဘက်က ဘယ်နေရာကို ဖမ်းဆီးခေါ်‌ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

 
 

 

 

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...