ရေးမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တာကြောင့် PDF ရဲဘော် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ

ရေးမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တာကြောင့် PDF ရဲဘော် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ
ဖမ်းဆီးခံရသူ ပရဟိတသမား ကိုအောင်ခန့်ဟိန်း
ဖမ်းဆီးခံရသူ ပရဟိတသမား ကိုအောင်ခန့်ဟိန်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာမှာ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက် ပစ်ခတ်တာကြောင့်  PDF ရဲဘော် ၁ တစ်ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးပြီး အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝယ်ပေါင်ကျေးရွာရှိ ဝပ်ရှော့တစ်ခုမှာ PDF အဖွဲ့‌တွေ ကားပျက်လို့ ပြင်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့် PDF ရဲဘော် ၁ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုပြီးနောက်  ပရဟိတသမား ကိုအောင်ခန့်ဟိန်းနဲ့အရပ်သား ပြည်သူ ၁ ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ PDF ရဲဘော်ဟာ မွန်ပြည်နယ် အ‌ခြေပြုတော်လှန်ရေးအဖွဲ့က ရဲဘော်ကျော်ဇင်ထက် ဖြစ်တယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့ ပရဟိတသမားနဲ့အရပ်သားကိုတော့ စစ်ကောင်စီတပ်ဘက်က ဘယ်နေရာကို ဖမ်းဆီးခေါ်‌ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...