ဘုရားပွဲခင်းအနီး စစ်ကောင်စီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ အရပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

ဘုရားပွဲခင်းအနီး စစ်ကောင်စီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ အရပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာမှာ ဘုရားပွဲကျင်းပနေချိန်တဲ့ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ဘုရားပွဲခင်းအနီး ကျရောက်ပေါက်ကွဲတာ‌ကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNLA တပ်မဟာ(၁)က တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လ ၁၉ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ဝင်းပကျေးရွာရှိ စစ်ကောင်စီ ခမရ(၉)တပ် အမြှောက်ကုန်းမှာ တပ်စွဲထားတဲ့ အမြှောက်တပ် (၄၀၂)က  ကျောက်တောင်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဘုရားပွဲခင်းအနီး ၂ ချက် ကျရောက်ပေါက်ကွဲခဲ့သလို ဘုရားပွဲခင်း အပြင်ဘက် လမ်းပေါ်ကို ၁ ချက် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုရားပွဲအတွင်းကနေ ထပြေးတဲ့ ကျောက်တောင်ကျေးရွာနေ ဒေါ်ဒေ့သို ၅၀ နှစ်၊ စောအဲဖို့စာ ၇ နှစ်၊ ပိန္နဲတောရွာနေ ဒေါ်ငွေကြည် ၅၄ နှစ်တို့မှာ လက်နက်ကြီးကျည်စများထိမှန်ပြီး သေဆုံးခဲ့သလို ဘုရားပွဲလာ ဒေသခံ ၇ ဦး ကျဉ်ထိမှန်ပြီး ဒဏ်ရာတွေရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘုရားပွဲအနီးမှာ ရပ်ထားတဲ့ ကား ၂ စီး၊ ဆိုင်ကယ် ၁ စီးမှာလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...