ဘုရားပွဲခင်းအနီး စစ်ကောင်စီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ အရပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

ဘုရားပွဲခင်းအနီး စစ်ကောင်စီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ အရပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

သထုံမြို့နယ်၊ ကျောက်တောင်ကျေးရွာမှာ ဘုရားပွဲကျင်းပနေချိန်တဲ့ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ဘုရားပွဲခင်းအနီး ကျရောက်ပေါက်ကွဲတာ‌ကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNLA တပ်မဟာ(၁)က တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လ ၁၉ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ဝင်းပကျေးရွာရှိ စစ်ကောင်စီ ခမရ(၉)တပ် အမြှောက်ကုန်းမှာ တပ်စွဲထားတဲ့ အမြှောက်တပ် (၄၀၂)က  ကျောက်တောင်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဘုရားပွဲခင်းအနီး ၂ ချက် ကျရောက်ပေါက်ကွဲခဲ့သလို ဘုရားပွဲခင်း အပြင်ဘက် လမ်းပေါ်ကို ၁ ချက် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုရားပွဲအတွင်းကနေ ထပြေးတဲ့ ကျောက်တောင်ကျေးရွာနေ ဒေါ်ဒေ့သို ၅၀ နှစ်၊ စောအဲဖို့စာ ၇ နှစ်၊ ပိန္နဲတောရွာနေ ဒေါ်ငွေကြည် ၅၄ နှစ်တို့မှာ လက်နက်ကြီးကျည်စများထိမှန်ပြီး သေဆုံးခဲ့သလို ဘုရားပွဲလာ ဒေသခံ ၇ ဦး ကျဉ်ထိမှန်ပြီး ဒဏ်ရာတွေရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘုရားပွဲအနီးမှာ ရပ်ထားတဲ့ ကား ၂ စီး၊ ဆိုင်ကယ် ၁ စီးမှာလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...