ရေနံတွင်းနဲ့ ရေနံထွက်ပစ္စည်းတွေကို NUG အခွန်ကောက်ဖို့ကြေညာ

ရေနံတွင်းနဲ့ ရေနံထွက်ပစ္စည်းတွေကို NUG အခွန်ကောက်ဖို့ကြေညာ

ရေနံနဲ့ ရေနံထွက်ပစ္စည်း တွေရဲ့ အခွန်အခတွေကို ပြည်နယ်က တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ERO တွေ ၊ ပြည်သူ့ကာကွယ်ရေးတပ် နဲ့  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ကောက်ယူသုံးစွဲနိုင်တယ်လို့ NUG က မတ် ၁၈ ရက်က ကြေညာခဲ့ပါတယ်။

ဒီလိုကောက်ယူရရှိတဲ့အခွန်အခတွေကို ကြားကာလဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်ရာမှာ အခွန််ကောက်ခံခြင်းနဲ့ မျှဝေသုံးစွဲမှုဆိုင်ရာ မူဝါဒနဲ့အညီဆောင်ရွက်ရမယ်လို့ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက လက်မှတ်ရေးထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လက ရေနံတွင်းတွေအတွက် မြေငှားရမ်းခတွေပေးဆောင်မှုတွေကို NUG က ကပ်ရောဂါနဲ့ ၊ သယံဇာတမှရရှိတဲ့ ရန်ပုံငွေတွေကို စစ်ကောင်စီထံမရောက်ဖို့ ကင်းလွင့်ခွင့်ပြုခဲ့ကြောင်း အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။

ဒီအခွန်အခတွေကင်းလွင်ခွင့်ပေးထားရာကနေ ရေနံတွင်းတွေအများဆုံးရှိတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အားကောင်းလာလို့ ပြန်လည်ကောက်ယူဖို့ဆုံးဖြတ်တာလို့  ဝန်ကြီး ဦးစိုးသူရထွန်းက RFA သတင်းဌာနမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် ကျေးရွာတွေက စက်သုံးဆီဆိုင်အသေးတွေကိုလည်း လိုင်စင်ထုတ်ပေးတာ ၊  သက်တမ်းတိုးတာတွေကို ပြန်လည်ပြုလုပ်မှာဖြစ်တယ်လို့ ကြေညာချက်မှာပါဝင်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...