ကော့မှူးမြို့နယ်ပရဟိတအသင်း စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၊ အသင်းဥက္ကဋ္ဌ ပစ်ခတ်ခံရ၍သေဆုံး

ကော့မှူးမြို့နယ်ပရဟိတအသင်း စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၊ အသင်းဥက္ကဋ္ဌ ပစ်ခတ်ခံရ၍သေဆုံး

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်က ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပရဟိတအသင်းကို  စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီး ပြည်သူတစ်ဦးကို ပစ်ခတ်ရာသေဆုံးသွားကြောင်း ဒေသခံသတင်း အရင်းအမြစ်က မဇ္စျိမကို ပြောသည်။

ကော့မှူးမြို့နယ်၊ မြို့ကုန်းရွာ ဘုန်းကြီးကျောင်းဝင်းကို စစ်ကောင်စီတပ်က မတ်လ ၂၀ ရက် မနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းကာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အားမာန်ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ အမျိုးသားကို ပစ်ခတ်သွားခြင်း ဖြစ်သည်။

“ဒီနေ့ မနက် ၄ နာရီကျော်လောက်မှာ စစ်ကောင်စီက မြို့ကုန်းတောင်ပေါ် ဘုန်းကြီးကျောင်းကို  PDF တွေရှိတယ်အထင်နဲ့ ဝင်စီးတာလို့ သိရတယ်။ အင်အားဘယ်လောက်နဲ့ ဝင်စီးတာလဲဆိုတာကတော့ မနက်အစောကြီးဆိုတော့ မသိရဘူး။ ဘုန်းကြီးကျောင်းထဲမှာက အားမာန်ပရဟိတအသင်းရှိတယ်။ ဝင်စီးတဲ့ အချိန် အဲ့ဒီ့ အသင်းဥက္ကဋ္ဌ အမျိုးသားက ထွက်ပြေးတော့ စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်လိုက်တာ။ အလောင်းကိုလည်း သူတို့ ယူသွားတယ် ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကော့မှူး အားမာန်ပရဟိတအသင်းဥက္ကဋ္ဌ ကိုသန့်စင်အောင်(ခ)ကိုပြောင်ကြီးဆိုသူ၏ ခြေထောက်နှင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

အလောင်းကို စစ်ကောင်စီတပ်က ယူဆောင်သွားပြီး မြို့ကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်ဖွဲ့က ထွက်ပြေးရင်း ချော်လဲသည့်အတွက် ဦးခေါင်းတွင် ဒဏ်ရာရ၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ပြောသွားသည်ဟု ဒေသခံများက ဆိုသည်။

“သေဆုံးသွားတဲ့ အားမာန်ပရဟိတအသင်းဥက္ကဋ္ဌ ကိုသန့်စင်အောင်က ရိုးရိုးအေးအေး‌နေသူတစ်ယောက်ပါ။ ကိုဗစ်(COVID-19) ကာလတွေတုန်းကလည်း မြို့နယ်အတွင်းမှာ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ မြို့နယ်အတွက် အားထားရတဲ့ ပရဟိတသမားတစ်ဦးပါ။ ဆန္ဒပြစဉ်ကာလတုန်းကတော့ ဆန္ဒပြသူတွေကို လုံခြုံရေးယူပေးတာမျိုးတွေ ရှိခဲ့တယ်။ PDF နဲ့ ဆက်နွယ်တယ် အထင်နဲ့ ဝင်စီးပြီး ပစ်သတ်သွားတာလို့ သိရတယ်” ဟု ကော့မှူးဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သေဆုံးသွားသည့် ကိုသန့်စင်အောင်(ခ)ကိုပြောင်ကြီး၏  ညီအစ်ကို နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ  သိရသည်။

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရှိ မြို့နယ်များတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများ ရှိနေသည့် စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းနှင့် အင်အားသုံးကာ အကြမ်းဖက်ဖိနှိပ်ခြင်းများကို လုပ်ဆောင်လျက်ရှိနေသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...