Published
Sunday, March 20, 2022
တောင်ကုတ်နဲ့ မာန်အောင်တွေမှာ ULA/AA ကို ထောက်ပံ့မှုမလုပ်ဖို့နဲ့ မပတ်သက်ကြဖို့ စစ်တပ်ကလာရောက်သတိပေး။ (မတ်လ ၂၀ ရက်နေ့၊ ၂၀၂၂)
- ကျောက်တော် ဇီးချောင်းရေလှောင်တမံကို ကျပ်သန်း ၈ ထောင်ကျော်လောက် အကုန်ကျခံဆောက်လုပ်ထားပြီး ၁ဝ နှစ်ကျော်လာပေမဲ့လည်း စိုက်ပျိုးရေးအတွက် ထိရောက်စွာအသုံးမပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
- တောင်ကုတ်နဲ့ မာန်အောင်တွေမှာ ULA/AA ကို ထောက်ပံ့မှုတွေမလုပ်ဖို့နဲ့ မပတ်သက်ကြဖို့ စစ်တပ်က လာရောက်သတိပေးနေပါတယ်။
- စစ်တွေမြို့က နေအိမ်ဖယ်ရှားဖြိုဖျက်ခံခဲ့ရသူတွေက ကျောတခင်းစာနေရာ လိုချင်တယ်လို့ တောင်းဆိုနေကြပါတယ်။






