Published
Saturday, March 19, 2022
KIO ရဲ့လုံခြုံရေးနယ်မြေထဲ စစ်ကောင်စီတပ်ကလမ်းဖောက်ဖို့ပြင်ဆင်နေတာကြောင့် တိုက်ပွဲဖြစ်ပွား
- KIO ဗဟိုဌာနချုပ်ရဲ့လုံခြုံရေးနယ်မြေထဲ စစ်ကောင်စီတပ်ကလမ်းဖောက်ဖို့ စစ်အင်အားအမြောက်အများနဲ့ ချီတက်လာတာကြောင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပါတယ်။
- ပူတာအိုမြို့နယ် ဆွမ်ပီယန်နဲ့အင်စီးယန်ကျေးရွာကဒေသခံတွေ နေရပ်ပြန်နိုင်ဖို့ သက်ဆိုင်ရာတွေဆီ တောင်းဆိုစာတင်ထားတာ ၂ ပတ်လောက်ရှိပြီဖြစ်ပေမဲ့ အကြောင်းမပြန်သေးတာကြောင့် တောထဲမှာပဲ ဆက်လက်ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။
- ကချင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ပျက်စီးမှု ပိုမိုမြှင့်တက်လာတာကြောင့် သက်ဆိုင်ရာလူကြီးတွေနဲ့ ပြည်သူအားလုံး ဝိုင်းဝန်းကာကွယ်ပေးကြဖို့ ဒေသခံတွေက တိုက်တွန်းတောင်းဆိုနေကြပါတယ်။






