ထားဝယ်အကျဉ်းထောင်တွင် ဝန်ကြီးချုပ်ဦးမြင့်မောင် အပါအဝင် ၁၀ ဦး တိုက်ပိတ်ခံရ

ထားဝယ်အကျဉ်းထောင်တွင် ဝန်ကြီးချုပ်ဦးမြင့်မောင် အပါအဝင် ၁၀ ဦး တိုက်ပိတ်ခံရ

ထားဝယ် အကျဉ်းထောင်တွင်း ရုံးထုတ်စဉ် ဆန္ဒပြသည်ဟု ဆိုကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် ၁၀ ဦး တိုက်ပိတ် ခံထားရကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစု ဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ် ချမှတ်ထားသော နိုင်ငံရေး အကျဉ်းသားများအား ထောင်တွင်း တရားရုံးသို့ ရုံးထုတ်လာစဉ် လက်သုံးချောင်းထောင် ဆန္ဒပြခဲ့၍ တိုက်ပိတ် ခံရခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်ဦးက ပြောသည်။

တိုက်ပိတ် ခံထားရ သူများမှာ ဦးမြင့်မောင် အပါဝင် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထား ရသော ကိုထွန်းထွန်းဦး၊ ကိုမင်းဆက်မှူး၊ ကိုဇေလင်းဦး၊ ကိုသက်ပိုင်ဦး၊ ကိုမြတ်ကျော်သူ၊ ဦးကျော်မြင့်၊ ဦးအောင်အောင်၊ ကိုအောင်နှင့် ကိုရာဇာထွန်း တို့ဖြစ်သည်။

“ရုံးထုတ်ပြီး ထောင်ထဲ ပြန်ပို့တဲ့ အချိန်မှာ ဆန္ဒပြလို့ ဆိုပြီး တိုက်ပိတ် ခံထားရတယ်လို့ သိရပါတယ်၊ အများစုက အသက်ကြီးပိုင်းတွေ ဖြစ်နေတော့ ကျန်းမာရေး စိုးရိမ်ရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသား မိသားစုဝင်က ပြော သည်။

ဝန်ကြိးချုပ်ဦးမြင့်မောင် ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ် အမိန့်ချထားသည့် အပြင် သီးသန့် တိုက်ပိတ် ချုပ်နှောင် ထားကြောင်း ထားဝယ်ထောင်နှင့် နီးစပ်သူထံမှ သိရသည်။

ထားဝယ် ထောင်တွင်း၌ အမှောင်တိုက် အဆောက်အအုံ သုံးခုရှိရာ အကျဉ်းထောင် အတွင်း ပြစ်မှု ထပ်မံ ကျူးလွန် သူများကို သီးသန့် ထားသော အဆောင်တွင် ဝန်ကြီးချုပ်ကို ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ယခု တိုက်ပိတ် ခံရသူ ၁၀ ဦးတွင် သက်ကြီးပိုင်းများ ပါရှိ၍ ကျန်းမာရေး အခြေနေကို မိသားစုဝင်များ စိုးရိမ်နေကြောင်း သိရသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...