တစ်ပတ်အတွင်း တိုက်ပွဲ ၇ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးများပြား

တစ်ပတ်အတွင်း တိုက်ပွဲ ၇ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးများပြား

ကရင်နီပြည်နယ်မှာ မတ်လ ဒုတိယတစ်ပတ်အတွင်း တိုက်ပွဲ၇ကြိမ်ဖြစ်ပွားခဲ့ပြီး KA ၊ KNDF တို့မှ ၆ဦး၊ စစ်ကောင်စီဘက်က ၂၅ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ကထုတ်ပြန်ထားပါတယ်။

မတ်လ ၉ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၁၀ရက်နေ့မှာလည်း မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၁၂ရက်နေ့မှာ ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာ အနီးမှာ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မတ်လ (၁၆) ရက်နေ့ မှာ ရှမ်း-ကယားနယ်စပ်၊ လယ်ထွန်ကျေးရွာ ၊ဆောင်ကန်းကျေးရွာနဲ့ ပီကင်းကောခူကျေးရွာတွေမှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ နဲ့ ထီတရိကျေးရွာ အနီးမှာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မတ်လ (၉)၊ (၁၁) ၊ (၁၄) ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...