တစ်ပတ်အတွင်း တိုက်ပွဲ ၇ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးများပြား

တစ်ပတ်အတွင်း တိုက်ပွဲ ၇ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးများပြား

ကရင်နီပြည်နယ်မှာ မတ်လ ဒုတိယတစ်ပတ်အတွင်း တိုက်ပွဲ၇ကြိမ်ဖြစ်ပွားခဲ့ပြီး KA ၊ KNDF တို့မှ ၆ဦး၊ စစ်ကောင်စီဘက်က ၂၅ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ကထုတ်ပြန်ထားပါတယ်။

မတ်လ ၉ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၁၀ရက်နေ့မှာလည်း မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၁၂ရက်နေ့မှာ ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာ အနီးမှာ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မတ်လ (၁၆) ရက်နေ့ မှာ ရှမ်း-ကယားနယ်စပ်၊ လယ်ထွန်ကျေးရွာ ၊ဆောင်ကန်းကျေးရွာနဲ့ ပီကင်းကောခူကျေးရွာတွေမှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ နဲ့ ထီတရိကျေးရွာ အနီးမှာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မတ်လ (၉)၊ (၁၁) ၊ (၁၄) ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...