အောင်မင်္ဂလာ အဝေးပြေးကားဝင်း၌ ဆိုင်ကယ်များကို ဖမ်းဆီးနေပြီး ငွေဖြင့် ချက်ချင်း ပြန်ရွေးခိုင်း

အောင်မင်္ဂလာ အဝေးပြေးကားဝင်း၌ ဆိုင်ကယ်များကို ဖမ်းဆီးနေပြီး ငွေဖြင့် ချက်ချင်း ပြန်ရွေးခိုင်း

ရန်ကုန် ၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ကားဝင်းထဲတွင် ဆိုင်ကယ်များကို ဖမ်းဆီးနေပြီး ဆိုင်ကယ် အမျိုးအစားအလိုက် ငွေကျပ် ၃၀,၀၀၀ မှ ၁၅၀,၀၀၀ ဝန်းကျင်ထိ ပြန်ရွေးယူရကြောင်း ဆိုင်ကယ် ကယ်ရီသမား တစ်ဦးက ပြောသည်။

အဝေးပြေး ကားဝင်း ဝင်ပေါက်များတွင်မူ ဆိုင်ကယ်၊ ဘေးတွဲ ဆိုင်ကယ်များ မဝင်ရ ဟု ဗီနိုင်း ချိတ်ဆွဲထားသည်။

''ကျွန်တော်တို့က ဒီဝင်းထဲမှာပဲ ဆိုင်ကယ်ကယ်ရီ ဆွဲနေတာ ကြာပြီ။ ဖမ်းဆီးတာတွေ ကတော့ နေ့တိုင်း ရှိတယ်။ ဖမ်းလို့ ဆိုပြီးတော့လည်း ကယ်ရီမဆွဲရင် ကျွန်တော်တို့ ဘာနဲ့ စားရမလဲ။ ဒီတော့ မဖမ်းသေး သ၍တော့ ရသလောက် ဆိုင်ကယ် ဆွဲနေရတယ်။ ဖမ်းတဲ့အခါ ဆိုင်ကယ်တော့ အပါ မခံနိုင်တော့ သူများဆီက ချေးငှား ပေါင်နှံပြီးတော့ ပြန်ရွေး ယူရတယ်'' ဟု ဆိုင်ကယ် ကယ်ရီသမား တစ်ဦးက ဆိုသည်။

ဆိုင်ကယ်များကို ဖမ်းဆီးရာတွင် ကားဝင်းအတွင်းရှိ စည်ပင်ရဲက ဦးဆောင်ခြင်း ဖြစ်ပြီး ကလပ်ဘီးများကို အများဆုံး ဖမ်းသည်ဟု ဆိုသည်။

''သူတို့က ကလပ်ဘီးတွေ၊ ထိုင်းဘီးတွေကို အဓိကထားပြီး ဖမ်းတယ်။ ဒီဆိုင်ကယ်တွေကို ဖမ်းပြီဆိုရင် အနည်းဆုံး ကျပ် ၁၅၀,၀၀၀ ပဲ။ ဒါတောင် ကိုယ်တွေက အောက်ကျခံပြီး တောင်းပန်ရတာ။ အဲဒါကိုတောင် အချိန် ၁ နာရီပဲ ပေးတယ်။ ၁ နာရီ အတွင်း လာပြန်ရွေး။ လာမရွေးရင် အဆုံးပဲ '' ဟု ဆိုင်ကယ် ကယ်ရီ ပြေးဆွဲသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ဆိုင်ကယ်ကယ်ရီ သမားများသည် တစ်နေ့လျှင် အုံနာခ ဆိုင်ကယ် အမျိုးအစား အလိုက် ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ ပေးကာ ကယ်ရီ ဆွဲနေရပြီး ဆီဈေး ကြီးနေသည့် အတွက် ယခင်က‌လောက် အလုပ် မဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...