မရမ်းချောင်စစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU ပြော

မရမ်းချောင်စစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU ပြော

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့အဖွဲ့စုံ စစ်ဆေးရေးဂိတ် တစ်ခုဖြစ်တဲ့ မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို မတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

အဲဒီမရမ်းချောင် စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းအဖွဲ့က  ၄၀ မမနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၅ မိနစ်နီးပါးအကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက် ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းအဖွဲ့က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ မရမ်းချောင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကို မကြာခဏဆိုသလို KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...