မရမ်းချောင်စစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU ပြော

မရမ်းချောင်စစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU ပြော

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့အဖွဲ့စုံ စစ်ဆေးရေးဂိတ် တစ်ခုဖြစ်တဲ့ မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို မတ်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

အဲဒီမရမ်းချောင် စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းအဖွဲ့က  ၄၀ မမနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၅ မိနစ်နီးပါးအကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက် ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းအဖွဲ့က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ မရမ်းချောင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကို မကြာခဏဆိုသလို KNLA တပ်မဟာ(၁)နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...