လူ ၄၀၀ ဦးအထိ စုဝေးခွင့်ပြုဟု ကျန်းမာရေးဝန် ကြီးဌာနဆို

လူ ၄၀၀ ဦးအထိ စုဝေးခွင့်ပြုဟု ကျန်းမာရေးဝန် ကြီးဌာနဆို

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းများ လျော့ကျလာသဖြင့် မတ်လ ၁၆ (ယနေ့)မှ စတင်ကာ ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှ လွဲ၍ လူ ၄၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

လူ ၄၀၀ ဦးအထိ စုဝေးခွင့်ပြုခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်သည့် အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်း မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ တစ်ရက်လျှင် နှစ်ရာနီးပါးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့အတူ မတ်လ ၁၅ ရက်နေ့တွင် မွန်ပြည်နယ်၌ ကိုဗစ် အတည်ပြုလူနာ ၃၁ ဦးရှိဟု ကျန်းမာရေးဌာနက ဖော်ပြထားသော်လည်း မြေပြင်တွင် ပိုများနိုင်ကြောင်း မွန်ပြည်နယ်ရှိ ကိုဗစ်အရေး ကူညီနေသူတစ်ဦးက ပြောသည်။

"ပိုးတွေလူနာ နည်းသွားတယ်ဆိုတာထက် လာစစ်တဲ့သူနည်းသွားတာ။ သူ့ရဲ့ လက္ခဏာတွေက ပျော့တယ်လေ။ လူတိုင်းနီးပါးလို ဖြစ်လာတော့ တော်ရုံနဲ့ ဆေးရုံမလာကြတော့ဘူး။ သက်ကြီးပိုင်းတွေလောက်ပဲ စစ်တယ်၊ ကုသတယ်ဆိုတော့ စာရင်းက နည်းသွားတာ"ဟု ၎င်းက ပြောသည်။

ကျန်းမာရေးဌာန၏ အမိန့်၊ ညွှန်ကြား ချက်များအား လိုက်နာရန်ပျက် ကွက်သူများအနေဖြင့် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်း ခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က လူ ၅၀ ဦးအစား လူ ၁၀၀ ဦးထက် ပို၍ စုဝေးခြင်းမပြုရန် ထုတ်ပြန် ကြေညာခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေငြာချက်မိတ္တူ

August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...