ဧရာဝတီမြစ်ထာဝစဉ် စီးဆင်းရေး၊ မြစ်ဆုံဒေသတွင် ရွှေတူးဖော်မှု ရပ်ဆိုင်းရေး ဒေသခံများ ဆန္ဒထုတ်ဖော်

ဧရာဝတီမြစ်ထာဝစဉ် စီးဆင်းရေး၊ မြစ်ဆုံဒေသတွင် ရွှေတူးဖော်မှု ရပ်ဆိုင်းရေး ဒေသခံများ ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ဆုံဒေသခံအချို့မှ မတ်လ ၁၄ ရက်တွင် ကျရောက်သည့် "အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့" အထိမ်းအမှတ်အဖြစ် ဆုတောင်းအစီအစဉ်နှင့် ဆန္ဒထုတ်ဖော် ကြွေးကြော်မှုများကို နံနက် (၉)နာရီမှ (၁၂)နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ဆုံအနီးရှိ ကျေးရွာများမှ ‌ ဒေသခံပြည်သူ(၇၀)ဝန်းကျင် စုပေါင်းပြီး အင်ဂန်းရွာအနီးရှိ အင်ဖူးချောင်းနှင့် ဧရာဝတီ မြစ်ကမ်းဘေး  တစ်နေရာတို့တွင် ဆုတောင်းခြင်းနှင့် မြစ်ချောင်းများ ထာဝရစီးဆင်းရန် ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

 "International Rivers day ကို နှစ်တိုင်း ပြုလုပ်ဖြစ်တယ်။  မြစ်ချောင်းများ ထာဝရစီးဆင်းဖို့ ဆုတောင်း အစီအစဉ်တွေ လုပ်ဖြစ်ခဲ့တယ်။ အရင်က မြစ်ချောင်းရေ သောက်သုံးလို့ရပေမဲ့ အခုက အဆိပ်အသောက်တွေ ဖြစ်ကုန်ပြီ။ ဒါကို ကန့်ကွက်တယ်၊ အလိုမရှိဘူး။ ဧရာဝတီ မြစ်ကမ်းနဘေးမှာ ရော ဆန္ဒထုတ်ဖော် ပြောပြတဲ့ အစီအစဉ်လည်း လုပ်ခဲ့တယ်။ နောက်နောင် မျိုးဆက်သစ်တွေအတွက်လည်း လုပ်ရခြင်း ဖြစ်တယ်"ဟု ၎င်းက ပြောသည်။

၎င်းတို့မှ ဧရာဝတီမြစ် ထာဝစဉ် လွတ်လပ်စွာ စီးဆင်းရေး၊ မြစ်ချောင်းများတွင် စက်ယန္တယားဖြင့် ရွှေတူးဖော်မှု ရပ်ဆိုင်းရေး၊ မြစ်ချောင်း အင်းအိုင်များ လွတ်လပ်စွာ ရှင်သန်ရေး၊  မြစ်ကြောင်း တစ်လျှောက် အကြီးစား ရေကာတာ ဆောက်လုပ်ခြင်း အလိုမရှိ၊ သန့်ရှင်းသောရေ ရရှိရေးနှင့် မြစ်ချောင်းများကို ကာကွယ်ဖို့ ရေထိန်းတောကို ထိန်းကြစို့ အစရှိသည့် အချက်များကို ကြွေးကြော်ခဲ့ကြောင်းလည်း သိရသည်။

ယခင်နှစ်များက လူဦးရေ အများအပြားဖြင့် ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် ကိုဗစ်ရောဂါအခြေအနေကြောင့်သာမက နိုင်ငံရေး အခြေအနေကြောင့်ပါ လူနည်းစုဖြင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...