တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုဖို့နဲ့ သမဂ္ဂ သင်္ကေတတွေ ဖျက်ဆီးဖို့ စစ်ကောင်စီ ညွှန်ကြား

တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုဖို့နဲ့ သမဂ္ဂ သင်္ကေတတွေ ဖျက်ဆီးဖို့ စစ်ကောင်စီ ညွှန်ကြား

နိုင်ငံတဝန်းက တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုဖို့နဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ သင်္ကေတ ပစ္စည်း တစ်ခုမကျန် ဖျက်ဆီးပစ်ဖို့ သက်ဆိုင်ရာ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေထံ စစ်ကောင်စီက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဖွဲ့စည်းခွင့် မပြုဖို့အတွက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေကို မတ်လ ပထမအပတ်မှာ ညွှန်ကြားထားတာပါ။

အဲဒီညွှန်ကြားစာမှာတော့ တက္ကသိုလ်ဆိုတာ နိုင်ငံရေးလုပ်ရမယ့်နေရာမဟုတ်တာကြောင့် သမဂ္ဂတွေကို လုံးဝ ဖွဲ့စည်းခွင့်မပြုကြောင်းနဲ့ တက္ကသိုလ်တွေမှာရှိတဲ့ သမဂ္ဂနဲ့ ပတ်သက်တဲ့အလံ ဆိုင်းဘုတ်၊ အခန်းတွေနဲ့ အထိမ်းအမှတ်ပစ္စည်းတွေကို တစ်ခုမကျန် ဖြုတ်သိမ်းဖျက်ဆီးဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် အဲဒီလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ တက္ကသိုလ်ဆရာဆရာမတွေနဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ရန်မူလာရင် သူတို့အမည်နဲ့နေရပ်လိပ်စာချက်ချင်းတင်ပြပြီး ဖမ်းဆီးအရေးယူဖို့ ညွှန်ကြးထားတာပါ။

စစ်ကောင်စီက ကျောင်းသားသမဂ္ဂကို ကွယ်ပျောက်ပျက်စီးသွားအောင် လုပ်ဆောင်နေပေမယ့် ကျောင်းသားတွေရှိနေသရွေ့ သမဂ္ဂဆိုတာ ရှိနေမှာဖြစ်တယ်လို့ မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေအနေနဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးကာကွယ်ဖို့၊ ပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ အာဏာရှင် စနစ်အမြစ်ပြတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အအစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...