တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုဖို့နဲ့ သမဂ္ဂ သင်္ကေတတွေ ဖျက်ဆီးဖို့ စစ်ကောင်စီ ညွှန်ကြား

တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုဖို့နဲ့ သမဂ္ဂ သင်္ကေတတွေ ဖျက်ဆီးဖို့ စစ်ကောင်စီ ညွှန်ကြား

နိုင်ငံတဝန်းက တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုဖို့နဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ သင်္ကေတ ပစ္စည်း တစ်ခုမကျန် ဖျက်ဆီးပစ်ဖို့ သက်ဆိုင်ရာ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေထံ စစ်ကောင်စီက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဖွဲ့စည်းခွင့် မပြုဖို့အတွက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေကို မတ်လ ပထမအပတ်မှာ ညွှန်ကြားထားတာပါ။

အဲဒီညွှန်ကြားစာမှာတော့ တက္ကသိုလ်ဆိုတာ နိုင်ငံရေးလုပ်ရမယ့်နေရာမဟုတ်တာကြောင့် သမဂ္ဂတွေကို လုံးဝ ဖွဲ့စည်းခွင့်မပြုကြောင်းနဲ့ တက္ကသိုလ်တွေမှာရှိတဲ့ သမဂ္ဂနဲ့ ပတ်သက်တဲ့အလံ ဆိုင်းဘုတ်၊ အခန်းတွေနဲ့ အထိမ်းအမှတ်ပစ္စည်းတွေကို တစ်ခုမကျန် ဖြုတ်သိမ်းဖျက်ဆီးဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် အဲဒီလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ တက္ကသိုလ်ဆရာဆရာမတွေနဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ရန်မူလာရင် သူတို့အမည်နဲ့နေရပ်လိပ်စာချက်ချင်းတင်ပြပြီး ဖမ်းဆီးအရေးယူဖို့ ညွှန်ကြးထားတာပါ။

စစ်ကောင်စီက ကျောင်းသားသမဂ္ဂကို ကွယ်ပျောက်ပျက်စီးသွားအောင် လုပ်ဆောင်နေပေမယ့် ကျောင်းသားတွေရှိနေသရွေ့ သမဂ္ဂဆိုတာ ရှိနေမှာဖြစ်တယ်လို့ မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေအနေနဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးကာကွယ်ဖို့၊ ပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ အာဏာရှင် စနစ်အမြစ်ပြတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အအစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...