မင်းတပ်ခရိုင်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ မရှိ

မင်းတပ်ခရိုင်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ မရှိ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၌ လာမည့် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့်သူ လုံး၀ မရှိကြောင်း ဒေသခံ ကျောင်းဆရာ တစ်ဦးက ပြောသည်။

''ချင်းပြည်နယ်မှာ ခရိုင် လေးခု ရှိတယ်၊ အဲဒီမှာ မင်းတပ်ခရိုင် အောက်မှာရှိတဲ့ မင်းတပ်နဲ့ ကန်ပက်လက်က လုံးဝ ဝင်ရောက် မဖြေကြဘူး။ မတူပီ၊ ဖလမ်း၊ တွန်းဇန်၊ တီးတိန်နဲ့ ပလက်ဝ တို့မှာရှိတဲ့ သူတွေပဲ ဖြေကြတာ။ မေးခွန်းနဲ့ အဖြေလွှာတွေတောင် လာမယ့် ၂၁ ရက်နေ့မှာ ထုတ်ကြရမှာ'' ဟု ၎င်းကပြောသည်။

သို့သော် အခြား ခရိုင် သုံးခု၊ မြို့နယ် ကိုးခုရှိ စာစစ်ဌာန ကိုးခုတွင် ဖြေဆိုမည့်သူ စုစုပေါင်း ၂၉၅၈ ဦး ရှိကြောင်း သိရသည်။

COVID-19 ကြောင့် ကျောင်းများ ခေတ္တ ရပ်နား ထားရပြီးနောက် စစ်အာဏာ သိမ်းလိုက်သည့် အတွက် ချင်းပြည်နယ်ရှိ ဆရာ၊ ဆရာမ အများစု CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့် စာသင်ကျောင်းများ ထပ်မံ ပိတ်ထားရကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ကျောင်းတွင်း စာမေးပွဲများကို မတ်လ ၁၇ ရက်နေ့ စတင် ကျင်းပမည် ဖြစ်ပြီး၊ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံ တစ်ဝှမ်း စတင် ကျင်းပမည် ဖြစ်ကြောင်း စက်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ စုစုပေါင်း ၃၁၂၂၉၉ ဦး ရှိသည့်အနက် ရခိုင်ပြည်နယ်သည် ဖြေဆိုသူ အများဆုံး ဖြစ်ပြီး ၊ချင်းပြည်နယ်သည် ဖြေဆိုသူ ဒုတိယ အနည်းဆုံး ဖြစ်ကြောင်း သိရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...