တနိုင်းမြို့ရှိ စစ်ကောင်စီတပ်သားများ တဝမ်ချောင်းအနီး တောထဲသို့ ဝင်ရောက်သွားသဖြင့် ဒေသခံများ စိုးရိမ်နေ

တနိုင်းမြို့ရှိ စစ်ကောင်စီတပ်သားများ တဝမ်ချောင်းအနီး တောထဲသို့ ဝင်ရောက်သွားသဖြင့် ဒေသခံများ စိုးရိမ်နေ

ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းမှ စစ်သားများ ယနေ့နံနက်(၄)နာရီဝန်းကျင်က တဝမ် ချောင်းအနီးရှိ တောထဲသို့ ဝင်ရောက်သွားသောကြောင့် ဒေသခံများ စိုးရရိမ်နေကြောင်း သိရသည်။

တောထဲ ဝင်ရောက်သွားသည့် တပ်သားများအနက် စစ်ကောင်စီတပ်သား (၅၀)ဝန်းကျင်အပြင် ပြည်သူ့စစ်များလည်း ပါဝင်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

"တနိုင်းတပ်က စစ်သား(၅၀)လောက်က ဒီမနက်(၄)နာရီလောက်မှာ ထွက်ပြီး တဝမ်ချောင်းတံတားနားမှာ ကားကနေ ဆင်းပြီး တောထဲ ဝင်သွားကြပြီ။ ပြည်သူ့စစ်တွေရော ပါတယ်။

တောထဲကနေ ခြေလျင်နဲ့ သွားနေကြပြီ။ ဘယ်ကို သွားလဲတော့ မသိဘူး။ လီဒိုလမ်းက မသွားဘူး ခုက။ တောလမ်းပဲ သွားတော့တယ်။ တောင်ယာလုပ်တဲ့ လင်မယား နှစ်ယောက်ရဲ့ တူမီးကိုရော သူတို့ ယူသွားတယ် ကြားတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိ တောလမ်းတစ်လျှောကါ ခြေလျင်ဖြင့်သွားရာက်ပြီး တရုန်မှ စစ်သားများနှင့် လူစားလဲရန် ဖြစ်နိုင်သည်ဟု မြင်မိကြောင်း ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်သားများမှ တောလမ်းဖြင့် ခြေလျင် ချီတက်နေသောကြောင့် တောင်ယာ လုပ်ကိုင်‌ နေသည့် ပြည်သူများ စိုးရိမ်နေကြခြင်း ဖြစ်သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...