စက်သုံးဆီစျေးတက် တက္ကစီယာဉ်မောင်းများ ကားရပ်နားရသည်အထိ အခက်အခဲဖြစ်

စက်သုံးဆီစျေးတက် တက္ကစီယာဉ်မောင်းများ ကားရပ်နားရသည်အထိ အခက်အခဲဖြစ်

ရန်ကုန်မြို့တွင် စက်သုံးဆီစျေးများ အဆမတန် တက်လာသည့်အတွက် တက္ကစီယာဉ်မောင်းများ ကားရပ်နားရသည်အထိ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ဆီစျေးတက်လွန်းတော့ ကားမထွက်နိုင်တော့ဘူးလေ။ ရတဲ့ပိုက်ဆံက ကိုက်မှမကိုက်တာ ။ အဲဒါကြောင့် လောလောဆယ် ကားရပ်ထားရပါတယ်။

လမ်းပေါ်မှာလည်း ကားက CNGပဲ ရှိတော့တယ် ”ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးများ ကျဆင်းလာမှုနှင့်အတူ မြန်မာကျပ်ငွေတန်ဖိုးများလည်း ကျဆင်းလာခဲ့ခြင်းဖြစ်ကာ စက်သုံးဆီစျေးများလည်း အဆမတန် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

သမိုင်းမြို့နယ်မှ တက်စီယာဉ်မောင်းတစ်ဦးကလည်း “ကားက ရပ်ရမယ့်အနေအထားပဲဖြစ်နေပြီ ။ နေ့တိုင်း ဆီဖိုးကို ကိုယ့်အိတ်ထဲကပဲ စိုက်စိုက်နေရတာ ။ အုံနာကြေးနဲ့ ဆီဖိုးနဲ့ပဲလည်နေတာ ကိုယ့်အတွက်ကို မရှိတော့ဘူး”ဟု ဆိုသည်။

စက်သုံးဆီစျေးနှုန်းများသည် မတ် ၉ရက် တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၁၀၀ ၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၁၆၅၊ ဒီဇယ် တစ်လီတာ ကျပ်၂၂၇၅နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ်၂၂၈၅ ဝန်းကျင်သို့ စျေးမြင့်တက်လျက်ရှိသည်။

“CNG ကတစ်ခါ ဖြည့်ရင် မြို့ထဲကနေ တောင်ဥက္ကလာဘက်ကို တစ်ကြောင်းဆိုကုန်ရော၊ အခုမီးကပျက်တာဆိုတော့ ဂက်စ် ဆိုင်တွေကလည်း အပြည့်ဖြည့်လို့မရဘူးဗျာ။ အရင်ကမီးအားနဲ့ ဖြည့်တာဆို အပြည့်ဝင်တယ်။  အခုသူတို့(CNG)ဆိုင်တွေကလည်း မီးစက်နဲ့မောင်းဖြည့်ရတာဆို အပြည့်မရဘူး။ တစ်ခါကားသမားတွေဆီ ဖြည့်ပေးတော့လည်းအပြည့်မပါတော့ဘူး။ အခုတစ်ရက်ကို လေးခါဖြည့်ရတယ်”ဟု CNGလောင်စာဖြင့် တက္ကစီကား မောင်းသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စက်သုံးဆီစျေးများ အဆမတန် တက်နေမှုကြောင့် ဆီဝယ်သူမရှိသလောက်ဖြစ်နေပြီး ရန်ကုန်မြို့တွင်းတွင် ကားအသွားအလာများ ပုံမှန်ထက်နည်းပါးသွားကြောင်းလည်း သိရသည်။

“တက္ကစီသမားနဲ့ အိမ်စီးကားအများစုကတော့ ပိုထိခိုက်ကြတယ်။ အရင်က လမ်းပေါ်မှာ ကားကအစီး ၂၀လောက်သွားနေရင် အခုအကြမ်းဖျင်းအားဖြင့် ၁၀စီးလောက်ပဲရှိတော့တယ်။ နောက်ပြီး စီအန်ဂျီနဲ့ ဆီသုံးတဲ့ကားတွေဆိုရင် ဂတ်ဆိုင်မှာပဲ ဆီဖြည့်တော့တယ် ဆီလုံးဝမထည့်တော့ဘူး။ သူတို့အတွက် မကိုက်တော့ဘူးလေ။ ဟိုနားဒီနား အရင်ကသွားရင် ၂၀၀၀နေရာမှာ အခုဆို ၄၀၀၀လောက်ဖြစ်နေပြီ။ ဆီဆိုင်တွေကတော့ ဖွင့်ထားပေမယ့် လူဝယ်တာ နည်းသွားတယ်”ဟု ဗဟန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းစက်သုံးဆီစျေးမှာ တစ်ရက်လျှင် တစ်လီတာ ၂၀၀မှ ၅၀၀ဝန်းကျင်အထိ စျေးနှုန်း မြင့်တက်နေကြောင်း ဆီအရောင်းဆိုင်များ၏ သတ်မှတ်စျေးနှုန်းများကို ရေးသားဖော်ပြထားချက်အရ သိရသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...