ရေးမြို့နယ်က ကျေးရွာတချို့မှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ ကျပ်အထိ ဈေးတက်လာ

ရေးမြို့နယ်က ကျေးရွာတချို့မှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ ကျပ်အထိ ဈေးတက်လာ

မွန်ပြည်နယ်၊ရေးမြို့နယ်က ကိုယ်ထူကိုယ်ထ စနစ်နဲ့ လျှပ်စစ်မီးဖြန့််ဝေပေးနေတဲ့ ကျေးရွာတချို့မှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ ကျပ်အထိ ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က မီတာခ တစ်ယူနစ်ကို ကျပ် ၇၅၀ ကနေ ကျပ် ၁၀၀၀ အထိ ပေးဆောင်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တစ်ယူနစ် ကျပ် ၁၄၀၀ အထိ ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

လျှပ်စစ်မီတာခတွေဟာ မီးစက်တွေနဲ့ လျှပ်စစ်မီးရရှိအောင် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရတဲ့အတွက်ကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာလို့ မီတာခတွေလည်း ဈေးနှုန်း ကြီးမြင့်လာတာ ဖြစ်ပါတယ်။

လျှပ်စစ်မီတာခတွေ ဈေးနှုန်းကြီးမြင့်လာတဲ့အတွက်ကြောင့် ပြည်သူတွေ အများစု ရေတင်တာနဲ့ မီးလင်းရုံမျှသာ လျှပ်စစ်မီး သုံးစွဲနေရတယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီး မရသေးတဲ့အတွက်ကြောင့် ကိုယ်ထူကိုယ်ထအပြင် ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူရေး လုပ်ငန်းတွေကနေ ဝယ်ယူသုံးစွဲနေတာ ဖြစ်ပါတယ်။

 ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်းတွေက ဝယ်ယူသုံးစွဲနေတဲ့ လျှပ်စစ်မီတာခကလည်း တစ်ယူနစ် ကျပ် ၈၀၀ ကနေ ကျပ် ၉၀၀ ထိ ဈေးနှုန်း မြင့်တက်လာပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...