ရေးမြို့နယ်က ကျေးရွာတချို့မှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ ကျပ်အထိ ဈေးတက်လာ

ရေးမြို့နယ်က ကျေးရွာတချို့မှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ ကျပ်အထိ ဈေးတက်လာ

မွန်ပြည်နယ်၊ရေးမြို့နယ်က ကိုယ်ထူကိုယ်ထ စနစ်နဲ့ လျှပ်စစ်မီးဖြန့််ဝေပေးနေတဲ့ ကျေးရွာတချို့မှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ ကျပ်အထိ ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က မီတာခ တစ်ယူနစ်ကို ကျပ် ၇၅၀ ကနေ ကျပ် ၁၀၀၀ အထိ ပေးဆောင်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တစ်ယူနစ် ကျပ် ၁၄၀၀ အထိ ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

လျှပ်စစ်မီတာခတွေဟာ မီးစက်တွေနဲ့ လျှပ်စစ်မီးရရှိအောင် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရတဲ့အတွက်ကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာလို့ မီတာခတွေလည်း ဈေးနှုန်း ကြီးမြင့်လာတာ ဖြစ်ပါတယ်။

လျှပ်စစ်မီတာခတွေ ဈေးနှုန်းကြီးမြင့်လာတဲ့အတွက်ကြောင့် ပြည်သူတွေ အများစု ရေတင်တာနဲ့ မီးလင်းရုံမျှသာ လျှပ်စစ်မီး သုံးစွဲနေရတယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီး မရသေးတဲ့အတွက်ကြောင့် ကိုယ်ထူကိုယ်ထအပြင် ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူရေး လုပ်ငန်းတွေကနေ ဝယ်ယူသုံးစွဲနေတာ ဖြစ်ပါတယ်။

 ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်းတွေက ဝယ်ယူသုံးစွဲနေတဲ့ လျှပ်စစ်မီတာခကလည်း တစ်ယူနစ် ကျပ် ၈၀၀ ကနေ ကျပ် ၉၀၀ ထိ ဈေးနှုန်း မြင့်တက်လာပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...