မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ပေါင်းစုကို KIA, PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများ

မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ပေါင်းစုကို KIA, PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ တက္ကသိုလ်ကျောင်းဝင်းထဲတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ပေါင်းစုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ပူးပေါင်းပြီး ယနေ့နံနက်(၃)နာရီ ဝန်းကျင်က သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ယင်း တပ်စွဲထားသည့် နေရာကိုKIA၊ PDFပူးပေါင်းတပ်မှ မိုင်း၊ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး (၁)နာရီ ဝန်းကျင် နှစ်ဖက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“စစ်ကောင်စီ တပ်ပေါင်းစုတွေ ထိုင်တာ ဟုတ်တယ်။ မိုးညှင်းကရော၊ နန်းမားကရောပေါ့။ KIA၊ PDFဘက်က လက်နက်ကြီးရော မိုင်းရော ပစ်ပေးတော့ ဟိုဘက်က တော်တော် အထိနာသွားတယ်လို့ကြားတယ်။ စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့သူတွေ (၁၀)ယောက်ကျော်လောက် ရှိသွားတယ်လည်း ကြားတယ်။ မနေ့က အထိနာတော့ ပြန်သွားတိုက်တဲ့ သဘောပေါ့။ အဲဒီနောက် အပြန်အလှန် ပြန်ပစ်ကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး အပါအဝင်(၁၀)ဦးကျော် သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရပြီး မြစ်ကြီးနားသတင်းဂျာနယ် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိ တက္ကသိုလ်ကျောင်းဝင်း၏ အနီးအနား ဝန်းကျင်ကို လုံခြုံရေး တင်းကြပ်ထားကြောင်းလည်း သိရသည်။

ယနေ့တိုက်ပွဲအပြီး KIAနှင့်PDFပူးပေါင်းတပ်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ကလည်း နန်းမားမြို့ မြို့ဝင်ဆိုင်းဘုတ် အနီးဝန်းကျင်တွင် မိုးညှင်းမှ တက်လာသည့် စစ်ကောင်စီ ယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDFပူးပေါင်းတပ်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...