မော်လမြိုင်တွင် အိုမီခရွန်ကြောင့် သက်ကြီး လူနာ ၇ ဦး ထပ်မံသေဆုံး

မော်လမြိုင်တွင် အိုမီခရွန်ကြောင့် သက်ကြီး လူနာ ၇ ဦး ထပ်မံသေဆုံး

မော်လမြိုင်တွင် အိုမီခရွန်ကြောင့် သက်ကြီးလူနာ ၇ ဦး ထပ်မံသေဆုံးခဲ့ပြီး နေ့ချင်း သဂြိုလ်ပေးခဲ့ရကြောင်း မော်လမြိုင်မှ  လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

ယနေ့ (မတ်လ ၈ ရက်) မနက်ပိုင်းတွင် သေဆုံးခဲ့သည့် လူနာများကို မော်လမြိုင်ရင်ခွဲရုံမှ ပိန္နဲကုန်းသုသာန်ကို ပို့ဆောင်ပြီး သဂြိုလ်ခဲ့တာဖြစ်ကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အရင်ကလည်း အားချင်းသဂြိုလ်တယ်။ညဘက်ဆုံးရင်တော့ နောက်မနက်မှ သဂြိုလ်တယ်။အခု မော်လမြိုင်မှာက အိုမီခရွန်နဲ့ သေဆုံးသူအများဆုံးလို့တောင် ပြောလို့ရတယ်။အားလုံးကတော့ မော်လမြိုင်မှာ နေတဲ့သူတွေတော့ မဟုတ်ဘူး”ဟု ၄င်းက ပြောသည်။

ကျိုက်မရောမြို့မှ အသက် (၈၁) နှစ်အရွယ်အမျိုးသားတစ်ဦး၊ ပေါင်မြို့မှ အသက် (၅၈) နှစ်အရွယ် အမျိုးသားလူနာတစ်ဦး၊ သံဖြူဇရပ်မြို့မှ အသက် (၅၃) နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး ၊‌ချောင်းဆုံမြို့မှ အသက် (၆၇) နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး၊ ဘားအံမြို့မှ အသက် (၅၃) နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦး၊ ကျိုက္ခမီ မြို့မှ အသက် (၄၉) နှစ်အရွယ်အမျိုးသား လူနာတစ်ဦးနဲ့ မော်လမြိုင်မြို့မှ အသက် (၆၃) နှစ်အရွယ် အမျိုးသမီး စသဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ် မော်လမြိုင်တွင် ကိုဗစ် - ၁၉ ဗီဇမျိုးကွဲကြောင့် နေ့စဥ်သေဆုံးမှုများရှိနေပြီး သေဆုံးသူများသည် အသက် ၅၀နှင့်အထက် သက်ကြီးပိုင်းလူနာများဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ မတ်လ ၇ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၁၇၃) ဦးတွေ့ရှိရပြီး ပိုးတွေ့ရှိမှုနှုန်း (၅.၈၆) ရာခိုင်နှုန်း ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...