ဝန်ထမ်းတွေ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေရင် ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်လာ

ဝန်ထမ်းတွေ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေရင် ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်လာ

စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေကြားတာနဲ့ ဌာနအတွင်း အရေးကြီး အချက်အလက် ပို့ပေးရင် ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်လာတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ အရေးကြီး အစည်းအဝေး မှတ်တမ်းတွေ၊ သတင်း အချက်အလက်တွေ အပါအဝင် ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်တွေကို ဝန်ထမ်းတွေက ပြည်တွင်းပြည်ပမီဒီယာတွေထံ ဖြေဆိုတာနဲ့ ပေးပို့တာတွေ ပိုမိုစိစစ်တွေ့ရှိလာရတယ်လို့ ဆိုထားပါတယ်။

သတင်းအချက်အလက် ပေါက်ကြားမှုဟာ နိုင်ငံတော်တည်ဆောက်ရေးအတွက် များစွာထိခိုက်နစ်နာမှုတွေ ရှိလာသလို စစ်ဘက်၊ ရုံးဘက်ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူတွေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေ ပိုများလာတယ်လို့ စစ်ကောင်စီရဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကို အင်တာဗျူးဖြေကြားတာနဲ့ အချက်အလက် ပေးပို့ရင် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေ အပြင် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ပါအရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာတာပါ။

ဒါအပြင် ဝန်ထမ်းတွေအနေနဲ့ သတင်း အချက်အလက်တွေကို လူမှုကွန်ယက်တွေမှာ ဖြန့်ဝေတာတွေ မပြုလုပ်ကြဖို့နဲ့ မလိုလားအပ်တဲ့ ထိခိုက်နစ်နာမှုတွေ မရှိစေရေးအတွက် ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာကြဖို့နဲ့ တာဝန်ရှိသူအဆင့်ဆင့်က ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ထမ်းတွေကို သတင်းမီဒီယာတွေထံ အင်တာဗျူး မဖြေကြားဖို့ နှစ်ကြိမ်ထက်မနည်း စာထုတ်ညွှန်ကြားခဲ့ပေမယ့် အခုလို ဥပဒေနဲ့တကွ အရေးယူမယ့်ဆိုတဲ့ ညွှန်ကြားချက်တွေ မရှိခဲ့ဘူးလို့ Non CDM ဝန်ထမ်းတွေက ဆိုကြပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...