ဝန်ထမ်းတွေ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေရင် ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်လာ

ဝန်ထမ်းတွေ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေရင် ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်လာ

စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေကြားတာနဲ့ ဌာနအတွင်း အရေးကြီး အချက်အလက် ပို့ပေးရင် ပြင်းထန်စွာ အရေးယူမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်လာတယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ အရေးကြီး အစည်းအဝေး မှတ်တမ်းတွေ၊ သတင်း အချက်အလက်တွေ အပါအဝင် ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်တွေကို ဝန်ထမ်းတွေက ပြည်တွင်းပြည်ပမီဒီယာတွေထံ ဖြေဆိုတာနဲ့ ပေးပို့တာတွေ ပိုမိုစိစစ်တွေ့ရှိလာရတယ်လို့ ဆိုထားပါတယ်။

သတင်းအချက်အလက် ပေါက်ကြားမှုဟာ နိုင်ငံတော်တည်ဆောက်ရေးအတွက် များစွာထိခိုက်နစ်နာမှုတွေ ရှိလာသလို စစ်ဘက်၊ ရုံးဘက်ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူတွေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေ ပိုများလာတယ်လို့ စစ်ကောင်စီရဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကို အင်တာဗျူးဖြေကြားတာနဲ့ အချက်အလက် ပေးပို့ရင် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေ အပြင် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ပါအရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာတာပါ။

ဒါအပြင် ဝန်ထမ်းတွေအနေနဲ့ သတင်း အချက်အလက်တွေကို လူမှုကွန်ယက်တွေမှာ ဖြန့်ဝေတာတွေ မပြုလုပ်ကြဖို့နဲ့ မလိုလားအပ်တဲ့ ထိခိုက်နစ်နာမှုတွေ မရှိစေရေးအတွက် ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာကြဖို့နဲ့ တာဝန်ရှိသူအဆင့်ဆင့်က ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ထမ်းတွေကို သတင်းမီဒီယာတွေထံ အင်တာဗျူး မဖြေကြားဖို့ နှစ်ကြိမ်ထက်မနည်း စာထုတ်ညွှန်ကြားခဲ့ပေမယ့် အခုလို ဥပဒေနဲ့တကွ အရေးယူမယ့်ဆိုတဲ့ ညွှန်ကြားချက်တွေ မရှိခဲ့ဘူးလို့ Non CDM ဝန်ထမ်းတွေက ဆိုကြပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...