Published
Monday, March 07, 2022
ရခိုင်မှာ မိုင်းနဲ့စစ်လက်ကျန်ပစ္စည်းတွေကို ရှင်းလင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ (မတ်လ ၀၆၊ ၂၀၂၂)
- မာန်အောင်မြို့နယ် ရဲကျွန်းမှာ ULA/AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး လူတချို့ကို စစ်တပ်နဲ့ရဲက လိုက်လံစုံစမ်းမှုတွေရှိနေတဲ့အတွက် ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
- ရခိုင်မှာ မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းပေါက်ကွဲမှုတွေ မကြာခဏဖြစ်နေတာကြောင့် မိုင်းနဲ့စစ်လက်ကျန်ပစ္စည်းတွေကို ရှင်းလင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
- ရခိုင်ပြည်နယ်အတွင်းက နံ့သာကျွန်းကို မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ပါတယ်။






