ပြည်မြို့သို့ စစ်ခေါင်းဆောင်လာမည်ဆို၍ စစ်အာဏာရှင် ဆန့်ကျင်စာများ ချိတ်ဆွဲဆန္ဒပြ

ပြည်မြို့သို့ စစ်ခေါင်းဆောင်လာမည်ဆို၍ စစ်အာဏာရှင် ဆန့်ကျင်စာများ ချိတ်ဆွဲဆန္ဒပြ

ပဲခူးတိုင်း၊ ပြည်မြို့သို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည် ဆိုသည့် သတင်းများကြောင့် ယနေ့ မတ်လ ၄ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်စာများ မြို့တွင်း နေရာစုံ ချိတ်ဆွဲ ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံ ထူကြ လွှင့်ကြ” ၊ “ပြည်သူတွေက လက်နက်မရှိလဲ တိုက်ရဲတယ် မင်းတို့ သတ္တိရှိရင် လက်နက်မပါဘဲ လာခဲ့ကြ” ဆိုသည့် စာတန်းများ မြို့တွင်း၍ ချိတ်ဆွဲ ဆန္ဒပြခဲ့ကြောင်း သိရသည်။

“စာတန်း ချိတ်တာက မင်းအောင်လှိုင် လာမယ်လို့ လွန်ခဲ့တဲ့ သုံးရက်လောက်က ကြားထားတယ်။ အဓိက ကတော့ ငြိမ်နေတယ်ဆိုပြီး သူ့ကို လက်ခံနေတယ် ထင်မှာစိုးလို့၊ သူ့လို စစ်အာဏာရှင် တစ်ယောက်ကို လုံးဝ လက်မခံဘူး၊ မကြိုဆို ဘူးဆိုတာ သိစေချင်လို့၊ ဘန်နာမှာတော့ ဆရာကြီး ဟံသာဝတီ ဦးဝင်တင်ရဲ့ စကားပါတယ်” ဟု Pyay Underground News အဖွဲ့ဝင်က ပြောသည်။

စစ်ခေါင်းဆောင် ပြည်မြို့သို့ လာမည်ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ဗိုလ်ချုပ်လမ်း တစ်လျှောက် ကွမ်းယာဆိုင်များနှင့် လမ်းဘေး ဆိုင်ငယ်များ ပိတ်သိမ်းမှု စစ်ကောင်စီက ပြုလုပ်နေပြီး နေရာအနှံ့ လုံခြုံရေး အထူးတင်းကျပ် ထားကြောင်း သိရသည်။

 

ယခု လှုပ်ရှားမှုကို Shadow (pyay defence) နှင့် Pyay Underground News အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်စာများ ချိတ်ဆွဲခြင်းကြောင့် စစ်ကောင်စီက အရပ်သားအချို့ကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...