မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၆၀၀ ကျော် ရှိခဲ့

မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၆၀၀ ကျော် ရှိခဲ့

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကိုဗစ် - ၁၉ အတည်ပြု လူနာသစ် ၁၆၇၀ ဦး အထိ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လူနာသစ် ၁၆၇၀ ဦးတွင် ၇၀ ရာခိုင်နှုန်းသည် ကိုဗစ် ၁၉ မျိုးကွဲသစ်ဖြစ်သော အိုမီခရွန် ဖြစ်ပြီး ကျန်သည့် ၃၀ ရာခိုင်နှုန်းသည် Delta အကြွင်းအကျန် ဖြစ်သည်ဟု ယူဆရကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ကိုဗစ် - ၁၉ ရောဂါမျိုးကွဲ အိုမီခရွန်က ကူးစက်မှုနှုန်း မြန်တယ်။ မြန်တဲ့အတွက် ရောဂါကူးစက်မှု နှုန်းကလည်း ပိုမြင့်လာတဲ့ သဘောမျိုး ဖြစ်တာပါ"ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသာ ရောဂါကူးစက်မှု အခြေအနေသည့် အိုမီခရွန်ကြောင့် ဖြစ်သည်ဟု ယူဆနိုင်ဖွယ်ရှိကြောင်း ဆက်ပြောသည်။

သေဆုံးလူနာများသည် ကာကွယ်ဆေး မထိုးရသူများ၊ သက်ကြီးရွယ်အိုများ နှင့် ရောဂါအခံရှိသူများသာ ဖြစ်သည်ဟု ထပ်ပြောသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ် ၁၉ လူနာသစ် တွေ့ရှိမှု အများဆုံး မြို့နယ်‌မှာ မော်လမြိုင်တွင် ၃၇၄ ဦး၊ ရေးမြို့နယ်တွင် ၃၇၄ ဦး၊ ချောင်းဆုံ မြို့နယ်တွင် ၃၆၂ ဦး နှင့် မုဒုံမြို့နယ်တွင် ၃၀၂ ဦး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

ပေါင်မြိုနယ်တွင် ၂၅၉ ဦး၊ ကျိုက်မရောမြို့နယ်တွင် ၂၅၁ ဦး၊ သံဖြူဇရပ်မြို့နယ်တွင် ၂၃၃ ဦး၊ ဘီးလင်းမြို့နယ်တွင် ၂၂၇ ဦး၊ ကျိုက်ထိုမြိုနယ်တွင် ၁၅၅ ဦး နှင့် သထုံမြိုနယ်တွင် ၁၀၇ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်သော ကိုဗစ်တွေ့ရှိမှု သတင်းအချက်အလက်နှင့် မြေပြင်မှာ တွေ့ရှိချက်သည် ကွဲလွဲမှု ရှိနေကြောင်း ကိုဗစ်အရေးကူညီသူများက ပြောသည်။

"အခုက သေဆုံးမှုဆိုလည်း တစ်ရက်ထဲ ၃ ဦးလည်း ရှိလာတယ်။ နေ့စဉ်လည်း ရှိတယ်။ ဒါပေမယ့် သူတို့ ထုတ်ပြန်ချက်မှာ မတွေ့ရဘူး"ဟု ပြောသည်။

မွန်ပြည်နယ်တွင်  ဖေဖော်ဝါရီလ အတွင်း ကိုဗစ်အတည်ပြုရောဂါပိုးကြောင့် သေဆုံးသူ ၇ ဦးသာ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မတ်လ ၂ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၉၀၂) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၈.၅၇) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...