Published
Wednesday, March 02, 2022
လေးကေကော်ဒေသကစစ်ဘေးရှောင်ပြည်သူတွေ အိုမီခရွန်ကူးစက်ခံရမှုဆက်လက်တိုးပွားလာနေတယ်လို့ တာဝန်ရှိသူတွေပြော (မတ်လ ၀၂၊ ၂၀၂၂)
- လေးကေကော်ဒေသထဲက စစ်ဘေးရှောင်ပြည်သူတွေမှာ ကိုဗစ်မျိုးကွဲအိုမီခရွန် ကူးစက်ခံရမှု ဆက်လက်တိုးပွားလာနေတယ်လို့ တာဝန်ရှိသူတွေကပြောတယ်။
- ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူဒေသမှာ လက်ရှိစစ်ရှောင်ဦးရေ တစ်သောင်းကျော် ရှိလာပြီး အဲဒီအထဲမှာ ဖာပွန်ဒေသက စစ်ရှောင်တွေလည်းပါဝင်ပါတယ်။
- နယ်စပ်က ဒုက္ခသည်တွေအပါအဝင် ပြန်လည်အခြေချနေထိုင်တဲ့ လေးဖထောကျေးရွာမှာ နှစ်စဉ်ရေရှားပါးမှုပြသနာနဲ့ ကြုံတွေ့နေရပြီး ဒီနှစ်မှာ ရေပေးဝေဖို့ စက်သုံးဆီဈေးပါ မြှင့်တက်နေတဲ့အတွက် ရေလုံလောက်စွာရရှိဖို့ အခက်အခဲကြုံတွေ့နေကြရပါတယ်။






