အရင်က PDF တွေကို ပြည်သူ့ဘက်တော်သားတွေလို့ မြင်လာရာက ၂၀၂၂ လည်းရောက်ရော လက်ရဲဇက်ရဲ လူတွေသတ်ချင်တိုင်းသတ်နေတဲ့ အကြမ်းဖက်တွေလိုပဲမြင်လာကြပြီ ဆိုတဲ့ဝါဒဖြန့်သတင်းအမှား

အရင်က PDF တွေကို ပြည်သူ့ဘက်တော်သားတွေလို့ မြင်လာရာက ၂၀၂၂ လည်းရောက်ရော လက်ရဲဇက်ရဲ လူတွေသတ်ချင်တိုင်းသတ်နေတဲ့ အကြမ်းဖက်တွေလိုပဲမြင်လာကြပြီ ဆိုတဲ့ဝါဒဖြန့်သတင်းအမှား

“ဒေါက်တိုင်တွေဖြိုတယ်ဆိုပြီး ဝန်းထမ်းတွေလိုက်သတ်နေကြတာ လက်နက်မရှိတဲ့လူဆို အမျိုးသမီးလည်းမရှောင် ဘုန်းကြီးလည်းမရှောင် အဘိုးကြီးလည်းမရှောင် ဒလန်အမည်တပ် အနီမဟုတ်ရင် အကုန်သတ်နေကြပြီလို့” Ever Green Account မှ We Love Khit Bone Ka Group မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ချင်း‌ဒေသကာကွယ်ရေးအဖွဲ့-ကလေး-ကဘော်-ဂန့်ဂေါ် (CDF-KKG) ရဲ့တာဝန်ရှိသူက “ကျနော်ဘက်က မှတ်ချက်ပေးချင်တာကတော့ ကျနော်တို့ဘက်က အဲ့သလိုမျိုးမရှိဘူး၊ အဲ့သတင်းမှာဖော်ပြထားသလိုမျိုးလည်း ကျနော်တို့မလုပ်ကြပါဘူး၊ ဒါမျိုးကိစ္စတွေမရှိပါဘူး၊ စကစထောက်ခံတဲ့ဘက်ကနေမှ ပုံရိပ်တွေကို ဂုဏ်သိက္ခာကျဆင်းအောင် သတင်းအတုဖြန့်ချိတာပဲဖြစ်ပါလိမ်မယ်။” လို့ပြောပါတယ်။

ဆက်လက်ပြီးသတင်းအမှားမှာ ထပ်မံဖော်ပြထားတာက “အနီချင်းလည်းမတည့်ရင်သတ် ပြည်သူတွေအကုန် PDF တွေကို ကြောက်လန့်တကြားနေနေကြရပြီ။ သူတို့မုန်းပါတယ်ဆိုတဲ့ လက်နက်နဲ့အားနည်းတဲ့သူတွေကိုအနိုင်ကျင့်သတ်ဖြတ်တာကို သူတို့ကိုယ်တိုင်ပျော်ပျော်ပြီးလုပ်နေကြပြီ” လို့ရေးသားဖော်ပြထားပါတယ်။

ထိုရေးသာဖော်ပြချက်နဲ့ပတ်သက်ပြီး ချင်း‌ဒေသကာကွယ်ရေးအဖွဲ့-ကလေး-ကဘော်-ဂန့်ဂေါ် (CDF-KKG) ရဲ့တာဝန်ရှိသူက “ ကျနော်တို့အဓိကတော့ အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်တာဖြစ်တယ် သူ့ရဲ့ဒေါက်တိုင်တွေကို ရိုက်ချိုးတာြဖစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်စီကိုတော့ ပစ်မှတ်ထားပြီးဖြေရှင်တာတော့ မပြုလုပ်ပါဘူး…. ဘယ်တော်လှန်ရေးအဖွဲ့မှလည်းပြုလုပ်မှာမဟုတ်ဘူး။” လို့ပြောဆိုထားပါတယ်။

 

နိုင်ငံရေးမတည်ငြိမ်းမှုများကြားမှား သတင်းတုသတင်းအမှားများစွာဟာ နေ့တိုင်းလိုလို ဆိုရှယ်မီဒီပေါ်မှာပျံနှံ့လျက်ရှိပါတယ်။ လူမျိုးရေး၊ ဘာသားရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းတုများ၊ အမုန်းစကားများကို အထူးသတိပြုသင့်ပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှ သတင်းတွေကိုသာဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...