ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်အပြီး မီးရှို့

ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်အပြီး မီးရှို့

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး လူနေအိမ်များကို မီးရှို့နေကြောင်း ဒေသခံက မဇ္စျိမကို ပြောသည်။

“ လတ်တလော အားဖြင့် သိရတာကတော့ လူတစ်ယောက် ကျည်မှန်ပြီး ဒဏ်ရာ ရထားတယ်။ အခြား အသေအပျောက် ဒဏ်ရာရ စာရင်း မသိနိုင်သေးဘူး။လူတွေ အကုန် ပြေးနေရပြီ ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် သပြေအေးရွာကို ရဟတ်ယာဉ် လေးစီး ဖြင့် ပျံဝဲခဲ့ပြီး နှစ်စီးက ပစ်ခတ်ခဲ့သည်။ ကျန် နှစ်စီးမှ စစ်သား အင်အား ၆၀ ခန့် ရွာ၌ ချသွားပြီး မီးတိုက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အိမ်ခြေ ၂၀၀ ကျော် ရှိသော သပြေအေး ကျေးရွာရှိ ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ်များ ယနေ့ နေ့လယ် ၂ နာရီတွင် မီးစတင် လောင်ကျွမ်းနေပြီး ရွာသားအားလုံး ထွက်ပြေး တိမ်းရှောင် သွားပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။

အနီးနားရှိ ကျောက်ပြုတ် ၊ မိုးကောင်း ၊ အိုးဘို ရွာများမှ ဒေသခံများလည်း ထွက်ပြေးရလျက် ရှိသည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...