ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်အပြီး မီးရှို့

ယင်းမာပင်မြို့နယ် သပြေအေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်အပြီး မီးရှို့

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်ခဲ့ပြီး လူနေအိမ်များကို မီးရှို့နေကြောင်း ဒေသခံက မဇ္စျိမကို ပြောသည်။

“ လတ်တလော အားဖြင့် သိရတာကတော့ လူတစ်ယောက် ကျည်မှန်ပြီး ဒဏ်ရာ ရထားတယ်။ အခြား အသေအပျောက် ဒဏ်ရာရ စာရင်း မသိနိုင်သေးဘူး။လူတွေ အကုန် ပြေးနေရပြီ ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် သပြေအေးရွာကို ရဟတ်ယာဉ် လေးစီး ဖြင့် ပျံဝဲခဲ့ပြီး နှစ်စီးက ပစ်ခတ်ခဲ့သည်။ ကျန် နှစ်စီးမှ စစ်သား အင်အား ၆၀ ခန့် ရွာ၌ ချသွားပြီး မီးတိုက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အိမ်ခြေ ၂၀၀ ကျော် ရှိသော သပြေအေး ကျေးရွာရှိ ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ်များ ယနေ့ နေ့လယ် ၂ နာရီတွင် မီးစတင် လောင်ကျွမ်းနေပြီး ရွာသားအားလုံး ထွက်ပြေး တိမ်းရှောင် သွားပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။

အနီးနားရှိ ကျောက်ပြုတ် ၊ မိုးကောင်း ၊ အိုးဘို ရွာများမှ ဒေသခံများလည်း ထွက်ပြေးရလျက် ရှိသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...