ပူတာအိုတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဖုန်းလိုင်းများပါ ပြတ်တောက်နေ

ပူတာအိုတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဖုန်းလိုင်းများပါ ပြတ်တောက်နေ

ပူတာအိုမြို့နယ်တွင် စက်သုံးဆီပြတ်လပ်နေသည့်အပြင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်က စတင်ပြီး ဖုန်း‌အော်ပရေတာနှစ်ခု ပိတ်ထားလိုက်ရပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

စက်သုံးဆီပြတ်လပ်နေခြင်းကြောင့် အူရီဒူးတာဝါတိုင်နှင့် တယ်လီနော် တာဝါတိုင်များတွင် စက်လည်ပတ်မှု ရပ်တန့်သွားပြီး ယခုကဲ့သို့ ဖုန်းလိုင်းများ ပြတ်သွားခြင်းဖြစ်ကာ စက်သုံးဆီ ရရှိမှာသာ ပြန်လည် လည်ပတ်နိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီမနက်ပိုင်းကစပြီး လုံးဝမရတော့ဘူး။ ဆိုလာစနစ်နဲ့ လုပ်မယ်ဆိုရင်လည်း နေကသိပ်မထွက်တော့ အဆင်မပြေဘူးလို့ပြောတယ်။ အဓိက‌တော့ ဆီနဲ့ပဲ လည်ပတ်လို့ရလို့ လို့ပြောတယ်။”ဟုပူတာအိုဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန် စစ်ကောင်စီပိုင် မိုင်တဲနဲ့ MPT ဖုန်းလိုင်းများ လိုင်းရသော်လည်း အင်တာနက်လိုင်းဆွဲအား အနည်းငယ်သာ ရရှိကြောင်းနှင့် ယင်းဖုန်းလိုင်းနှစ်ခုလည်း ပြတ်တောက်သွားမည်ကိုစိုးရိမ်နေကြသည်။

ထို့ကြောင့် စက်သုံးဆီများ ပူတာအိုသို့ အမြန်ဆုံးရောက်ရှိလာစေရန် လမ်းများဖွင့်ပေးစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုသည်။

လက်ရှိအချိန်တွင် ပူတာအိုမြို့တွင် စက်သုံးဆီရောင်းချသည့် ဆိုင်မရှိတော့ဘဲ ဒေသခံများ သွား/လာရေးတွင်လည်း အခက်ကြုံနေရသည်။

ပူတာအိုမြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီ ဖေဖော်ဝါရီလက စတင်တိုက်ပွဲးဖြစ်ပွားရာမှာ မြို့အ၀င် ပိတ်ထားခြင်းကြောင့် စက်သုံးဆီများ ပြတ်တောက်နေခြင်း ဖြစ်သည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...