ရွှေ နှင့် ဒေါ်လာများ ဦးဖြိုးမင်းသိန်းထံမှ ရယူခဲ့သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့်အမှု နောက်ရုံးချိန်းတွင် စွဲချက်အမိန့်ချမည်

ရွှေ နှင့် ဒေါ်လာများ ဦးဖြိုးမင်းသိန်းထံမှ ရယူခဲ့သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့်အမှု နောက်ရုံးချိန်းတွင် စွဲချက်အမိန့်ချမည်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့် ဒေါ်လာများ ရယူခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲပြီး တရားစွဲဆိုထားသည့်အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက် တင်၊ မတင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

စွဲချက်အမိန့်ချမှတ်ရန် လာမည့် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၈ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။

ယင်းအမှုသည် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ် ပိဿာပေးခဲ့ကြောင်း စွပ်စွဲတရားစွဲဆိုထားသည့်အမှုဖြစ်သည်။

ဦးဖြိုးမင်းသိန်းက ထိုသို့ပေးခဲ့ရကြောင်းကို တရားလိုပြသက်သေအဖြစ် ပြီးခဲ့သည့်အောက်တိုဘာ ၁ရက် ရုံးချိန်းတွင် သက်သေထွက်ဆိုခဲ့ပြီး ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်မှာ "အဓိပ္ပါယ်မဲ့"ကြောင်း ဒေါ်အောင်ဆန်းစုကြည်က "All Absurd"ဟု မှတ်ချက်ပေးထားသည်။

နိုဝင်ဘာ ၁၂ရက် ရုံးချိန်းတွင် ဦးဖြိုးမင်းသိန်း၏ ဇနီး ဒေါ်ခင်မိမိကြွယ်က ဦးဖြိုးမင်းသိန်းက တောင်းဆိုသည့်အတွက် ဆိုင်မှရွှေများကို အခေါက်တုံးများ ပြုလုပ်ခဲ့ကြောင်း၊ အချို့ကို ရောင်းပြီး ဒေါ်လာဝယ်ပေးခဲ့ကြောင်း၊ ဦးဖြိုးမင်းသိန်းက သွားရောက်ပေးဆောင်ရာတွင် လိုက်ပါမသွားကြောင်းနှင့် ရက်စွဲများကို အတိအကျ မမှတ်မိကြောင်းထွက်ဆိုခဲ့သည်။

ဒီဇင်ဘာ ၃ရက် ရုံးချိန်းတွင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူ ဒေါ်ဝေဝေသန်းကို ဆင့်ခေါ် စစ်ဆေးခဲ့ရာတွင် ဒေါ်ဝေဝေသန်းက ရွှေဆင်းတုကိစ္စနှင့် ပတ်သက်၍သာ ထွက်ဆိုသွားခဲ့ပြီး ရွှေနှင့် ဒေါ်လာကိစ္စကို ထည့်သွင်းထွက်ဆိုသွားခဲ့ခြင်း မရှိပေ။

မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးရန်အတွက် ကိုးလက်မရှိသည့် ရွှေဆင်းတုတစ်ဆူကို ဦးဖြိုးမင်းသိန်းထံ ပေးအပ်ထားပြီး ၎င်းက ဒေါ်အောင်ဆန်းစုကြည်ကို တစ်ဆင့်ပြန်လည် ပေးအပ်ခဲ့ကြောင်း ဦးဖြိုးမင်းသိန်းက ထည့်သွင်းထွက်ဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးရဲထက်က တရားလို ပြုလုပ်တိုင်ကြားထားခြင်းဖြစ်ပြီး တိုင်ကြားထားသည့် အထဲတွင် အဆိုပါ ရွှေဆင်းတုကိစ္စ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

အမှုကို ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ငါးလနီးပါးကြာမြင့်ခဲ့ကာ ယနေ့ရုံးချိန်းတွင် အမှုကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများက စွဲချက်လျှောက်လဲချက်ပေးခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အဂတိအမှု ၁၀မှုဖြင့် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် တရားရင်ဆိုင်နေရသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...