မော်လမြိုင်တွင် အိုမီခရွန်ကြောင့် သက်ကြီးပိုင်းလူနာ ၄ ဦး ထပ်မံသေဆုံး

မော်လမြိုင်တွင် အိုမီခရွန်ကြောင့် သက်ကြီးပိုင်းလူနာ ၄ ဦး ထပ်မံသေဆုံး
ကိုဗစ်ကြောင့် သေဆုံးသွားသူကို သဂြိုဟ်ရန် သယ်ယူသွားစဉ် (Internet)
ကိုဗစ်ကြောင့် သေဆုံးသွားသူကို သဂြိုဟ်ရန် သယ်ယူသွားစဉ် (Internet)

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကိုဗစ်ဗီဇမျိုးကွဲ အိုမီခရွန်ကြောင့် သက်ကြီးပိုင်း လူနာ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်က တစ်ဦးသေဆုံးပြီး ယနေ့ (ဖေဖော်ဝါရီလ ၂၅ရက်) တွင် နောက်ထပ် ၃ဦး ထပ်မံသေဆုံးခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအသင်းမှ ဥက္ကဌ ကိုဘိုဘိုဝင်းက ပြောသည်။

"နေ့တိုင်းတစ်ယောက်၊ နှစ်ယောက် အဲဒီလို ဆုံးနေပါတယ်။ မနေ့ကတစ်ယောက်ဆုံးတယ်။ ဒီမနက်တင် ၃ယောက်ဆုံးတယ်။ အိုမီခရွန်နဲ့ ဆုံးတာပါ"ဟု ၎င်းက ပြောသည်။

ကိုဗစ်ဗီဇမျိုးကွဲ အိုမီခရွန်ကြောင့် သေဆုံးသူများကို မိသားစုထံ အကြောင်းကြားပြီး နေ့ချင်းသဂြိုလ်ကြောင်း ကိုဘိုဘိုဝင်းက ပြောသည်။

ယင်းအပြင် ကျုံကဒတ် ကျွန်းလေးတောင်ပိုင်းမှ လသားအရွယ်ကလေးငယ်တစ်ဦးတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ သိရသည်။

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာများ နေ့စဥ် ၂၀၀နီးပါးတိုးလာပြီး နေ့စဥ် သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက် စစ်ဆေးချက်များအရ ကိုဗစ်အတည်ပြုလူနာသစ် ၁၉၀ အထိရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦး ထပ်တိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၄ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၂၉၃၈) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၁၀.၃၁) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...