ရှောင်တာနဲလ် ကို နစကမှ ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်းအမှား

ရှောင်တာနဲလ် ကို နစကမှ ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို February 15 ရက်နေ့က သတင်းမှန်ပြန်ကြားရေးဌာနချုပ်ဆိုတဲ့အကောင့် ကနေ “ဩစတြေးလျမကလို့ အမေရိကန်နိုင်ငံသားပဲဖြစ်ဖြစ် မြန်မာနိုင်ငံပြဌာန်းထားတဲ့ တည်ဆဲဥပဒေကိုလေးစားလိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူအပြစ်ပေးခြင်းခံရမယ် ရှောင်တာနဲလ်ကိုပြန်လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ဇော်မဲထွန်းပြောထားသော်လည်း ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ပါပြီနော်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

မောင်ပေါ်ဦးအကောင့်မှလည်း “ရှောင်တာနဲလ် ကို နစကမှ ပြန်လွှတ်ပေးလိုက်ပြီဟုသိရ… Rule of Law = တရားဥပဒေ စိုးမိုးမှုဆိုတာ နကစကို မေးခွန်းထုတ်စရာဖြစ်နေပြီ… မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ ဒါကိုပြောတာလား…” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင်  ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ် ပြန်လွတ်သွားပြီဆိုပြီး မတော်တဆ ထုတ်ဖော်မိခဲ့ကြောင်း ပြန်လည်တောင်ပန်ကြောင်း ဖေဖော်ဝါရီလ ၇ ရက် ဖေ့ဘွတ်ခ်ပို့စ်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။

“တကယ်တမ်းမှာတော့ ဩစတြေးလျနိုင်ငံသား (ရှောင်တာနဲလ်) မလွတ်သေးပါဘူး” “ကျွန်တော် သတင်းအမှား ရခဲ့တာကနေတဆင့် ဒီရှုပ်ထွေးမှု ဖြစ်ခဲ့တာပါ၊ မတော်တဆ ဖြစ်တဲ့ ဒီအမှားအတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ကြပါ” လို့ ဟွန်ဆန်က သတင်းဌာနတွေကို ပြောခဲ့ပါတယ်။



 

ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ပြီ ဆိုပြီး သတင်းအမှားများထွက်ပေါ်ခဲ့ပြီးနောက် အဲ့သတင်း မှန်ကန်မှု မရှိဘူးလို့ စစ်ကောင်စီက တုံ့ပြန်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုမှတော့ စစ်ကောင်စီဘက်မှ ရှောင်တာနဲလ်ကိုပြန်လည် လွှတ်ပေးလိုက်ပြီလို့ သတင်းများထပ်မှန်ထွက်ရှိလာတာဖြစ်ပါတယ်။

ရှောင်တာနဲလ်ကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဆိုပြီး စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရှောင်တာနဲလ်ကို စစ်ကောင်စီဘက်မှ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။

စာဖတ်သူများအနေနဲ့ သတင်းအတု သတင်းအမှားတွေကို မယုံကြည်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...