ကလေး-တမူးလမ်းတွင် PDF များ ဓါးပြတိုက်နေကြောင်း သတင်းမှားဖြန့်ဝေ

ကလေး-တမူးလမ်းတွင် PDF များ ဓါးပြတိုက်နေကြောင်း သတင်းမှားဖြန့်ဝေ

စစ်ကိုင်းတိုင်း ကလေး-တမူးကို သွားတဲ့ လမ်းကြောမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေက ဓားပြ တိုက်နေတယ်ဆိုပြီး Fourth Estate Media က သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျာက်နှာမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

အဝေးပြေး လမ်းမကြီး တစ်ခုပေါ်မှာ ကားသွားကားလာတွေကို လက်နက်ကိုင် အဖွဲ့တစ်ခုက တားပြီး စစ်ဆေး နေတဲ့ ဓာတ်ပုံ ၃ ပုံကို သုံးပြီး Fourth Estate Media က စာနဲ့တွဲပြီး ရေးတင်ထားတာ ဖြစ်ပါတယ်။  

Fourth Estate Media က “ကလေး တမူး လမ်းပိုင်းမှာ PDF များမှ ခရီးသွားပြည်သူများအား ဓားပြ တိုက်မှုများ ဆက်တိုက်လုပ် ဆောင်နေ” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် တပ်မတော် ထောက်ခံသူ တော်တော်များများကလည်း Fourth Estate Media က တင်ထားတဲ့ ဓာတ်ပုံ းပ

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကလေး-တမူး လမ်းပိုင်းမှာ ဖြတ်သန်း သွားလာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို နယ်မြေခံ PDF တပ်ဖွဲ့က နယ်မြေလုံခြုံရေးအရ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကို ဓားပြတိုက်တယ် ဆိုပြီး Fourth Estate Media  က လိမ်ညာ ရေးသားထားလို့ပဲဖြစ်ပါတယ်။

တမူး-ကလေး လမ်းပိုင်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း ဖြတ်သန်းသွား လာနေတဲ့ ဆိုင်ကယ်နဲ့ ကား တွေကို စစ်ဆေးမှုလုပ်ဆောင်ခဲ့တယ် ဆိုပြီး P.D.F တမူး၊ တပ်ရင်း-၂ က တရားဝင် ထုတ်ပြန်ထားတဲ့ ရုပ်သံ ကို ကြည့်မယ်ဆိုရင် Fourth Estate Media  က ရည်ရွယ်ချက်ရှိရှိ လိမ်ညာ ဝါဒဖြန့် ရေးသားထားတာ တွေ့ နိုင်ပါ တယ်။

P.D.F တမူး၊ တပ်ရင်း-၂ က ထုတ်ပြန်ထားတဲ့ ရုပ်သံကို ဒီမှာ https://bit.ly/35pzJXu ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါ Fourth Estate Media က P.D.F တမူး၊ တပ်ရင်း-၂ က ထုတ်ပြန်ထားတဲ့ ရုပ်သံကို screenshot ယူပြီးတော့ သတင်းအချက်အလက် အမှားအဖြစ် ဖန်တီးခဲ့တာကို စိစစ် တွေ့ရှိရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုး မျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...