ရန်ကုန် ဒေါပုံမြို့နယ်တွင် အဘွားအိုသာ နေထိုင်သည့် တိုက်ခန်း အနုကြမ်းစီးခံရ

ရန်ကုန် ဒေါပုံမြို့နယ်တွင် အဘွားအိုသာ နေထိုင်သည့် တိုက်ခန်း အနုကြမ်းစီးခံရ

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် အဘွားအို တစ်ဦးတည်း ရှိနေသည့် တိုက်ခန်းအား အနုကြမ်းဝင်စီးမှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီကျော်က နွယ်အေးရပ်ကွက်၊ (၁) ဈေးကွေ့ မီးပွိုင့်အနီး၊ ယုဇန (၁) လမ်းရှိ ခြောက်လွှာတိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"အခန်းထဲမှာ အဘွားတစ်ယောက်တည်း ရှိနေတုန်း အနုကြမ်းစီးခံရတာ။ သိရတာကတော့ ရေတောင်း သောက်တဲ့ ပုံစံနဲ့ အဘွားက ရေခပ်ပေးနေတုန်း အနုကြမ်းစီးတာ" ဟု နွယ်အေးရပ်ကွက်တွင် နေထိုင်သူက ပြောသည်။

အဘွားအိုအား လုယက် နေသည်ကို ရပ်ကွက်နေ ပြည်သူများ သိရှိလိုက်သဖြင့် အနုကြမ်းစီးသူအား ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

"ရပ်ကွက်ကသိလို့ ဝိုင်းဖမ်းတာ မိသွားတယ်။ အဘွားအိုက လုတဲ့ကောင်ရိုက်လို့ ဒဏ်ရာနည်းနည်း ရသွားတယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် လုယက်မှု၊ ခါးပိုက်နှိုက်မှုများ ပိုမိုဖြစ်ပွားလာကြောင်း ရန်ကုန်မြို့ နေထိုင်သူများထံမှ သိရသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...