ဗန်းမော် မြို့နယ်ဘောလုံးကွင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဗန်းမော် မြို့နယ်ဘောလုံးကွင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ရှိ မြို့နယ်ဘောလုံးကွင်းတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ် ၊ မြို့နယ်ဘောလုံးအကွင်းအနီးက ကြံ့ခိုင်ရေးရုံးနှင့် ကပ်လျက် တံခါးအနောက်ဘက် တွင် မနေ့က ဖေဖော်ဝါရီ (၁၄) ရက်နေ့ ညနေ ၆ နာရီကျော် အချိန်တွင် ပေါက်ကွဲခဲ့‌ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ဘောလုံးကွင်း ဟိုဘက်ခြမ်းမှာ ကြံ့ခိုင်ရေးရုံးနဲ့ကပ်လျက်ပေါ့။ အဲ့ဒီနားမှာက တံခါးလေးရှိသေးတယ်လေ။ အဲ့ဒီနားမှာပေါက်တာ ။ တံခါးအတွင်းထဲ ဘောလုံးကွင်းအတွင်းထဲမှာ ဗုံးပေါက်တာ”ဟု ဒေသခံကဆိုသည်။

ဗန်းမော်မြို့နယ်အတွင်း ကလပ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို စစ်ကောင်စီက ကျင်းပရန်ပြင်ဆင်နေပြီး ယင်းပွဲကျင်းပရန် အောင်သာ ရပ်ကွက်မှ  စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စပွန်ဆာပေးထား‌ကြောင်းလည်း သိရသည်။

" ကလပ်အသင်းတွေကတော့ မရှိပါဘူး။ ဟိုကခေါ် ဒီကခေါ်ဒါပါပဲ ။ ငြိမ်နေတယ်ဆိုပြီးမှ သူတို့က အထင်သေးပြီးတော့ လုပ်တာပါ ။ အဲ့ဒါပါပဲ။   စပွန်ဆာနဲ့ သူတို့ ဘောလုံးပွဲလုပ်မယ်ဆိုပြီးလုပ်ထားတာလေ ။ အဲ့ဒါကို အသိပေးရုံပဲ ခွဲထားတာ။ လူတော့မထိသွားဘူး ။ သူတို့က ရှေ့ဆက်မယ်ဆိုရင်တော့ တစ်မျိုးဖြစ်လာမယ်ထင်တာပဲ"ဟု ဒေသခံက သုံးသပ်ပြောဆိုသည်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဗန်းမော်မြို့ မြို့နယ်စည်ပင်ရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...