စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် မဇွမ်ယန် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင် နေရ

စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် မဇွမ်ယန် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင် နေရ
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ

ကချင်ပြည်နယ် ၊ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအနီး မုန်လက်ခ (mung let hka) ချောင်းနဲ့ အင်ရူးခ(N yu hka) ချောင်းဆုံဘက် ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီတပ်သား အယောက်(၁၀၀)ကျော် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မဇွပ်ယန် ဒေသခံပြည်သူများ ထပ်မံ ထွက်‌ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါနေ့ညနေ(၄)နာရီ အချိန်ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသဖြင့် (၅)နာရီချိန်လောက်တွင် မဇွပ်ယန်ပြည်သူများ ဘေးလွတ်ရာ တော၊ တောင်ဆီ ထွက်ပြေးနေရကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"မနေ့ညက အင်ရူချောင်းဘက် စစ်ကောင်စီတပ်သား (၁၀၀)ကျော် စစ်ကြောင်းထိုးတာပေါ့။ ဖြစ်ဖြစ်ချင်း ရွာလူတွေ မျက်မမြင်၊ အသက်ကြီးသူတွေ အကုန်တွဲပြီး တောထဲ ပြေးရတယ်။ အိမ်ခြေ(၆၀)လောက် ဟုတ်တယ်"ဟု ၎င်းက ပြောသည်။

လုံရှာယန်အုပ်စု မဇွပ်ယန်(Mazup Yang)ကျေးရွာ ပြည်သူများသည် စစ်ရေးအခြေအနေကြောင့်  ဖေဖော်ဝါရီ(၃)ရက်နေ့က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေစဉ် စားဝတ်နေရေးအခက်အခဲကြောင့် နေရပ်ပြန်လာနေရာမှ ယခုတစ်ဖန် ပြန်လည် ထွက်‌ပြေး တိမ်းရှောင်ရခြင်း ဖြစ်သည်။

လက်ရှိ တော၊ တောင်များကြားတွင် မိုးကာတဲများ ဆောက်ကာ နေနေကြရပြီး ကာလကြာရှည်လာပါက စားဝတ်နေရေး၊ ဆေးဝါး အစရှိသည်တို့  ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"မိုးကာတဲဆောက်ပြီး နေနေကြတာ။ (၄)ရက်လောက် ရွာပြန်ပြီး ပြန်လာနေကြတာ။ ခုပြန်ပြေး နေရပြီ။ နောက်ပိုင်းကြာလာရင် ပိုဆိုးလာနိုင်တယ်။ ဖျားတာ၊ နာတာတွေ ရှိလာမှာလည်း စိုးရိမ်တယ်။ တောထဲမှာ မိုးပြန်ရွာလာမှာလည်း။ စစ်ရေး ပိုဆိုလာပြီး ပိုကြာရှည်အုံးမယ့် အခြေအနေဆိုတော့ အစားအသောက်ကအစ ခက်ခဲလာမှာ စိုးတယ်။ လူကြီး၊ ကလေးတွေလည်း များတော့ အရမ်းစိုးရိမ်တယ်။ မိုးကာ မရတဲ့သူရော ရှိတယ်။ မိုးကလည်း ရွာဆိုတော့"ဟု ၎င်းက ဆိုသည်။

လုံရှာယန်ကျေးရွာအနီး မုန်လက်ခ (mung let hka) ချောင်းနဲ့ အင်ရူးခ(N yu hka) ချောင်းဆုံရာတွင် တပ်စခန်းချသော စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ယနေ့  မနက် (၆) နာရီ ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ဖြစ်ပွားခဲ့သည့် နေရာနှင့် မဇွပ်ယန်ကျေးရွာသည် (၁)မိုင် ဝန်းကျင်သာ ဝေးကြောင်းလည်း သိရသည်။

April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...