ပူတာအိုတွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဒေသခံများ အခက်တွေ့

ပူတာအိုတွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဒေသခံများ အခက်တွေ့

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် စက်သုံးဆီများ ပြတ်လပ်‌နေမှု‌ကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များအတွက် သွားလာရာတွင် ခက်ခဲနေကြောင်း သိရသည်။

လက်ရှိတွင် ပူတာအိုမြို့ရှိ စက်သုံးဆီဆိုင်များအားလုံး ပိတ်ထားကြပြီး  ဒေသခံများအနေဖြင့် သွားရေးလာရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ပူတာအိုမှာ ဆီပြတ်တာ သုံးပတ်ကျော်ရှိလာပြီ။ ကားတွေ ဆိုင်ကယ်တွေလည်း အကုန်နီးပါးရပ်နေပြီ။ ဘာမှ လုပ်လို့မရဘူး။ အခက်အခဲတော့ အများကြီးရှိတာပေါ့နော်။ဒေသခံတွေက အဓိက စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းအတွက် သွားလာတာတို့မှာ ဆီမရှိတဲ့အခါ  ရပ်တန့်သွားတယ်။"

လက်ရှိအချိန်တွင် စက်သုံးဆီတစ်ဂါလံကို ကျပ် (၁၅၀၀၀) ၀န်းကျင်အထိ ပေါက်ဈေးရှိနေပြီး ၀ယ်ယူလို့ မရတော့သည့် အခြေအနေ ဖြစ်နေကြောင်းလည်း နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီဇယ်နဲ့မောင်းရတဲ့ကားတွေတော့ ထိုးကိုထိုးထားလိုက်ရပြီ။ ဓတ်ဆီက ရောင်းမယ့်ဆိုင်တောင်မရှိတော့ဘူး။ အခုစီးနေတာလည်း လက်ကျန်လောက်ပဲ စီးနေကြတာ”ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကုန်စည်သယ်ဆောင်ရေးခက်ခဲနေသည့် ပူတာအိုမြို့တွင် ဓာတ်ဆီပြတ်လပ်မှု သာမက တခြားအခြေခံ စားသောက်ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

ပူတာအိုမြို့နယ်အတွင်း ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ပူတာအို မြို့၀င်/ထွက် ဂိတ်များကို ပိတ်ထားသောကြောင့် စက်သုံးဆီများ ပြတ်တောက်လျက်ရှိသည်။

April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...