မွန်တွင် တရားမဝင် ဝင်ရောင်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး

မွန်တွင် တရားမဝင် ဝင်ရောင်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး
မုတ္တမနယ်မြေ ရဲစခန်း (Internet)
မုတ္တမနယ်မြေ ရဲစခန်း (Internet)

မွန်ပြည်နယ် သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက်ခြမ်းတွင် တရားမဝင် ဝင်ရောင်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက မုတ္တမဘက်ခြမ်းတွင် လုံခြုံရေးအဖွဲ့ဝင်များက သတင်းအရ စစ်ဆေးရှာဖွေရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှ မော်လမြိုင်သို့ ယာဉ်မောင်း ရဲဝင်းဆိုသူ မောင်းနှင်လာသော PRADO အမျိုးအစား အစိမ်းရောင် မော်တော်ယာဉ် တစ်စီးနှင့် ယာဉ်မောင်း သက်နိုင်ထွန်းဆိုသူ မောင်းနှင်လာသော PRADO အမျိုးအစား ခဲရောင် မော်တော်ယာဉ် တစ်စီးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ် နှစ်စီးပေါ်တွင် မြန်မာစကား မပြောတတ်သည့် တရုတ်နိုင်ငံသား ၁၀ ဦးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကို ‌‌သယ်ယူခေါ်ဆောင်လာသူ ယာဉ်မောင်း ရဲဝင်းနှင့် သက်နိုင်ထွန်းတို့ နှစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၀ ဦးကိုလည်း လဝက အက်ဥပဒေများအရ မုတ္တမနယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင်လည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မကွေးမြိုနယ်၊ မကွေးမြို့နယ်မှတစ်ဆင့်  မွန်ပြည်နယ်အတွင်းသို့ တရားမဝင် ‌ဝင်ရောက်လာသော ဘင်္ဂါလီ ၉ ဦးကို ကျိုက်ထိုမြို့နယ် မရမ်းချောင် စစ်ဆေးဂိတ်တွင် ဖမ်းဆီးရမိခဲ့‌သည်။

August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...