စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေယာဉ်(၂) နှစ်စီးဖြင့် ပူတာအိုလေဆိပ်ကို ဆင်းသက်ပြီး ခလရ (၄၆) တပ်ရင်းအတွင်း ၀င်ရောက်သွား

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေယာဉ်(၂) နှစ်စီးဖြင့် ပူတာအိုလေဆိပ်ကို ဆင်းသက်ပြီး ခလရ (၄၆) တပ်ရင်းအတွင်း ၀င်ရောက်သွား
ဓာတ်ပုံ-ပုံဟောင်းဖြစ်ပါသည်။
ဓာတ်ပုံ-ပုံဟောင်းဖြစ်ပါသည်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ယမန်နေ့ နေ့လယ်အချိန်က စစ်ကောင်စီတပ်သား အင်အား (၁၀၀)ဝန်းကျင်နှင့် ရိက္ခာပစ္စည်းများ တင်ဆောင်လာသည့်  စစ်လေယာဉ်(၂)စင်း ဆင်းသက်ခဲ့ကြောင်း သိရသည်။

ယင်းလေယာဉ် နှစ်စင်းတွင် လိုက်ပါလာသူများသည် ပူတာအိုမြို့ရှိ ခ.လ.ရ (၄၆)တပ်ရင်း အတွင်းထဲသို့ စစ်ကား(၅)စီးဖြင့် ဝင်ရောက်သွားကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာသို့ပြောသည်။

"မြစ်ကြီးနားဘက်က လာတာ။ အဲ့ဒီကနေ ဆင်းပြီး စစ်တပ်ဝင်းထဲ ဝင်သွားတာပေါ့။ (၁၀၀)ကျော်ရှိမယ်။ ပထမတစ်စင်းက (၆၀)ကျော်ပါမယ်။ နောက်တစ်စင်းက သူတို့ရဲ့ ရိက္ခာပစ္စည်းတွေနဲ့ဆို (၅၀)ကျော်ပါမယ် ပြောတယ်။ အကုန်(၄၆)တပ်ရင်းထဲ ဝင်သွားတယ်"ဟု ၎င်းက ပြောသည်။

၎င်းတို့ကို မြစ်ကြီးနားဘက်မှ စစ်အင်အားတိုးချဲ့ရန် ပို့ဆောင်ခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်နှင့် လုံရှာယန် အနီးဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ကာ စစ်ကောင်စီနှင့် KIA၊PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး KIA ဘက်က စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...