ရခိုင်တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့ရှိလာသဖြင့် ပြည်သူများ စည်းကမ်းလိုက်နာရန်လိုအပ်

ရခိုင်တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့ရှိလာသဖြင့် ပြည်သူများ စည်းကမ်းလိုက်နာရန်လိုအပ်

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှု သိသိသာသာမြင့်တက်လာနေပြီး မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်ခံရသူ ၉ ဦးရှိလာနေ၍ ပြည်သူများအနေဖြင့် ကိုဗစ်စည်းမျဉ်း၊စည်းကမ်းများကိုလိုက်နာရန်လိုအပ်နေသည်။

စစ်တွေမြို့နယ်အပါအဝင် မြို့နယ်အများအပြားတွင် ပွဲလမ်းသဘင်များကျင်းပခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း၊ Mask(နှာခေါင်းစည်း)တပ်သူနည်းပါးခြင်း စသည့်ကိုဗစ်စည်းမျဉ်းစည်းကမ်းများကိုလိုက်နာဆောင်ရွက်မှု လက်ရှိအချိန်ထိ အားနည်းလျက်ရှိသည်ကို တွေ့ရသည်။

ကိုဗစ်ဆက်လက်မပြန့်ပွားစေရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းများကို လိုက်နာရန်လိုအပ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“အခုက ကိုဗစ်ပိုးကူးစက်ခံရမှုက ဆက်တိုက်ဆိုသလိုဖြစ်လာတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို စနစ်တကျလိုက်နာဖို့လိုအပ်တယ်။ ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ပြည်သူတွေကလည်း ဒါတွေကိုပူးပေါင်းဆောင်ရွက်ဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စစ်တွေဆေးရုံ၌ ကိုဗစ်အတည်ပြုလူနာ ၈၀ ကျော် ဆေးကုသမှုခံယူလျက်ရှိသည်။ ကိုဗစ်နင့်ပတ်သက်ပြီး အစိုးရမှ စည်းကမ်းချမှတ်ရန်လိုအပ်နေပြီး ပြည်သူများအနေဖြင့်လည်း လိုက်နာရန်လိုအပ်ကြောင်း Rakhine Covid Watch မှ တာဝန်ခံ ကိုထွန်းလှိုင်က ထောက်ပြသည်။

“လက်ရှိမှာတော့ ကိုဗစ်လူနာတွေက တိုးလာတယ်။ သေဆုံးသူတွေတော့ မရှိသေးဘူး။ အဓိကတော့ ကိုယ့်အသိစိတ်နဲ့ကိုယ့် စည်းကမ်းလိုက်နာဖို့လိုအပ်တယ်။ ဒါမှ ကိုဗစ်ကိုထိန်းချုပ်နိုင်မှာပါ”ဟု ၎င်းကဆိုသည်။

ပြည်နယ်စစ်ကောင်စီအနေဖြင့် လူစုလူဝေးမလုပ်ကြရန်၊ Mask(နှာခေါင်းစည်း)တပ်ပြီးမှ အပြင်ထွက်ရန် စသည့်အမိန့်များကိုထုတ်ပြန်ရန် ဆွေးနွေးနေကြောင်း ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ဥပဒေချုပ်ဦးလှသိန်းက ၄င်း၏လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၅၄၇၁ ဦးရှိပြီး သေဆုံးသူ ၅၀၁ ဦးထိရှိခဲ့ကာ လက်ရှိဆေးကုသနေဆဲဦးရေမှာ ၁၉၅ ဦးထိရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...