အရေးပေါ်လိုအပ်နေသည့် လက်နက်ကြီးနှင့်ကျည် KDF အလှူခံ

အရေးပေါ်လိုအပ်နေသည့် လက်နက်ကြီးနှင့်ကျည် KDF အလှူခံ

ကရင်နီပြည်နယ်ရှိ ဒေသခံတော်လှန်ရေးတပ် Karenni Democratic Front (KDF) က အရေးပေါ် လိုအပ်နေသည့် လက်နက်ကြီးနှင့်ကျည် များ အလှူခံလျက်ရှိသည်။

ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ ရှိတဲ့ အထဲက ၇၉ တစ်ခုက ပစ်တာများတော့ ဖင်ပွင့်သွားတယ် ။ ဒီလက်နက်က ဈေးကလည်း အသင့်အတင့်ရှိတယ်။ ပြီးတော့ မြို့ပြ ပြောက်ကျား တိုက်ပွဲတွေ သူတို့်ကင်းပုန်းတွေကို တိုက်ခိုက်တဲ့နေရာတွေမှာ အတော်လေးလည်း ထိရောက်တယ်။ တိုက်ပွဲတစ်ခုအတွက် ဒီလိုလက်နက်နဲ့ကျည်ရှိတာက အများကြီးတာသွားတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အလှူခံရတာပါ”ဟု KDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မိမိတို့ KDF အဖွဲ့သည် လက်ရှိ ချိန် 81 (ခေါ်) 79 လက်နက်နှင့် 79 ကျည် အမျိုးအစား လိုအပ်လျက်ရှိနေပြီး ပြည်တွင်း ပြည်ပ မှ စေတနာ သဒ္ဓါ တရားထက်သန်စွာ လှူဒါန်းပေး နေကြသော အလှူရှင်များကို လှူဒါန်းဖို့ ဖိတ်ခေါ်အပ်ပါသည်”ဟု Karenni Democratic Front (KDF)က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

၇၉ လက်နက် တန်ဖိုးသည် မြန်မာကျပ်ငွေ ၇၅ သိန်းဝန်းကျင်ရှိပြီး ကျည်ဆန်တစ်လုံးတန်ဖိုးမှာ တစ်သိန်းကျော် ဝန်းကျင်ခန့်ရှိကြောင်း သိရပြီး ပါဝင် လှူဒါန်းပေးလိုသူများ Karenni Democratic Front (KDF) Page ၏ Massage Box မှတစ်ဆင့် ဆက်သွယ်လှူဒါန်းပေးရန် ၎င်းတို့ကတောင်းဆိုထားသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်မှ လကြောင်း၊ ကြည်းကြောင်းများဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများ အဆမတန် ပစ်ခတ် ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်။ ထိုတိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်များ အားလုံး ညီညွတ်စွာ ပူးပေါင်း၍ ခုခံ ကာကွယ်နေကြရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...