ရခိုင်တွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်ပိုးကူးစက်ခံထားရသူ ၉ ဦးတွေ့ရှိ

ရခိုင်တွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်ပိုးကူးစက်ခံထားရသူ ၉ ဦးတွေ့ရှိ

ရခိုင်ပြည်တွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်ပိုးကူးစက်ခံထားရသူ ၉ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်)တွင် သိရသည်။

ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၅၀ ကျော်နှင့် လေယာဉ်စီးခရီးသည် ၁၀ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောကြားထားသည်။

အဆိုပါပိုးတွေ့ရှိသူများထဲမှ ၉ ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်တို့ကို အိုမီခရွန်ဟုတ်/မဟုတ်သိရှိရန် ရန်ကုန်သို့ပို့ဆောင်စစ်ဆေးစဉ် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံရမှု ရခိုင်တွင် စတင်တွေ့ရှိမှုနှင့်ပတ်သက်၍ ဒေါက်တာစိုးဝင်းပိုင်က “အဲဒီနေ့က (ဖေဖော်ဝါရီ ၁၅ ရက်) စစ်တွေတက္ကသိုလ်ကဝန်ထမ်း ၄ဦးနဲ့ လေယာဉ်စီးခရီးသည် ၅ ဦးတို့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တွေကို ရန်ကုန်ကိုပို့ဆောင်ပြီး စစ်ဆေးစေတယ်။ အဲဒီလို ပို့ဆောင်စစ်ဆေးတဲ့အခါမှာ သူတို့မှာ အိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု DMG သို့ အတည်ပြုပြောကြားသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...